14

29.5K 2.8K 629
                                    

[Unicode]

မျက်စိရှေ့မှမြင်ကွင်းတစ်ခုလုံးဝေဝါးနေသည်။
ဖိနပ်မပါသောခြေဗလာကနူးညံ့တဲ့သဲမှုန်
အထိအတွေ့တွေကိုခံစားမိတာမို့သဲကန္တာရ
လွင်ပြင်တစ်ခုထဲရောက်နေသလိုထင်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသည်။
ပြင်းထန်စွာခုန်ပေါက်နေသောနှလုံးခုန်သံမှ
လွဲ၍ ထယ်ယောင်းဘာမှမကြားရ ...

မွန်းကြပ်လွန်းတဲ့ ဤအခြေအနေကြီးမှာ
နာမည်တစ်ခုကိုအော်ခေါ်ချင်နေပေမယ့်
သူ့ပါးစပ်မှဘာအသံမှ မထွက်လာသောအခါ ကြောက်လန့်စိတ်တွေကြီးစိုးလာရ၏။

ထို့နောက်အဝေးမှကလေးငိုသံသဲ့သဲ့ကို
ကြားရသည်။နီးကပ်လာလေကျယ်လောင်လာလေဖြစ်သောငိုသံကသူ့နှလုံးသားတစ်ခုလုံးကို
ဆွဲညှစ်ထားသလိုပင် ကွဲကြေလွန်းတဲ့ ခံစားချက်ကရင်အစုံမှာစို့နစ်နေသည်။
အသံသာကြားရသောထိုကလေးငယ်ကို
ရှာဖွေချင်ပေမယ့်သူဘာတစ်ခုမှမမြင်ရချေ။

ကလေး ငိုသံကြားမှ တစ်စုံတစ်ယောက်ရဲ့
စကားပြောသံတစ်သံတိုးထွက်လာသည်။
အရမ်းကို နူးညံ့လွန်းတဲ့ စကားသံချိုချိုတွေက
သူ့အားသိပ်ချစ်ခဲ့သောလူသားတစ်ယောက်၏
ပုံရိပ်ကိုအမှတ်ရစေသည်။ထိုလူသားပုံရိပ်နှင့်ဆက်စပ်တွေးမိသောအခါရှာဖွေမရတဲ့ အသံပိုင်ရှင်ကလေးငယ်လေးကသူ့အတွက်အဖိုးတန်သောလူသားတစ်ယောက်ဖြစ်မှန်းထယ်ယောင်းနားလည်လာရသည်။ချစ်ရတဲ့ လူသားနှစ်ယောက်ကအနားမှာရှိနေသလိုလိုခံစားမိတာကြောင့် လက်လေးဆန့်ကာရှာဖွေပေမယ့်ဖမ်းချုပ်ကိုင်ခွင့်မရအချည်းနှီးသာဖြစ်ရသည်။

ထယ်ယောင်းမှာ ကလေးရှိတယ်။
ကလေးက အပြင်မှာမဟုတ်ဘူး ဗိုက်ထဲမှာပါ။

ရှုပ်ထွေးလွန်းတဲ့ အတွေးတွေနောက်...

"ဖျက်ပစ်လိုက်။အဲရုပ်လုံး မပေါ်သေးတဲ့ကလေးကိုလေ သတ်ပစ်လိုက်"

ရက်စက်လွန်းတဲ့အသံနက်ကြီးကြောင့်
ထယ်ယောင်းမှာဝမ်းဗိုက်ကို အလန့်တကြား လှမ်းကိုင်ပြီးငုံ့ကြည့်မိတော့မျက်ရည်တွေကမရပ်တန့်နိုင်အောင်ပင်ပိုးပိုးပေါက်ပေါက်ကျလာသည်။

° LAST HOPE °Where stories live. Discover now