18

27.9K 2.7K 360
                                    

[Unicode]

တိတ်ဆိတ်နေသော ဧည့်ခန်းထဲတွင်
ကားသော့အားစားပွဲခုံပေါ်ပစ်တင်လိုက်သောအသံနှင့်ဂျောင်ကု၏ပင့်သက်ရှိုက်သံသည်ထွက်ပေါ်လာ၏။မျက်နှာကိုလက်ဖဝါးဖြင့်ပွတ်သပ်ပြီး သက်ပြင်းအကြိမ်ကြိမ်ချပါသော်လည်း ရင်ဘတ်ထဲမှလောင်မြိုက်ခြင်းဝေဒနာက လျော့နည်းသွားခြင်းမရှိ။

ညနေကအိမ်ပြန်ရောက်ရောက်ချင်း အခန်းထဲ
ထယ်ယောင်းချန်ခဲ့တဲ့လက်စွပ်ကိုတွေ့ပြီး
မျက်လုံးတွေပြာဝေသွားခဲ့တာ၊ထို့နောက်
လစ်ဟာနေသောထယ်ယောင်းရဲ့အဝတ်အစား
တစ်ချို့ကြောင့် ထွက်သွားပြီဆိုသော အသိကြောင့်
သူ့မှာရူးမတတ်။ထယ်ယောင်းနှင့် ပက်သက်လျှင် သူသိရှိထားတာနှစ်နေရာသာ ပထမဦးဆုံးထယ်ယောင်းရဲ့အရင်အိမ်ဟောင်းမှာသူသွားရှာသည်၊ပိတ်ထားသောတံခါးမကြီးနှင့်သာတိုး၍ သူ့အဒေါ်အိမ်များရောက်သွားတာလားဟု ဖြစ်နိုင်ခြေနည်းသော်လည်း ပြန်တွေ့ပါစေ အကြိမ်ကြိမ်ဆုတောင်းရင်း ထွက်ရှာခဲ့ရသည်။

ညမှောင်မိုက်သည့်အချိန်အထိဖုန်းနှင့်လည်း
အဆက်အသွယ်မရ၊အရိပ်အယောင်ပင်တစ်စက်
ကလေးမှ မတွေ့ရသောအခါ ရင်ထဲမှအပူက
တစ်စတစ်စ ကြီးထွားလာရင်းအသက်ရှူဖို့တောင်
ခက်ခဲလာရတဲ့အထိ မွန်းကြပ်လာခဲ့သည်။

"ဂျောင်ကု
ထယ်ယောင်း ဘယ်မှာလဲ"

လှေကားပေါ်မှဆင်းလာသော အဘွားဖြစ်သူက
ခက်ထန်သော အသံနှုန်းဖြင့်ဆိုလာသောအခါ
ဂျောင်ကုမှာအတွေးတွေမှချက်ချင်းရုန်းထွက်
ပြီးမတ်တပ်ထရပ်လိုက်သည်။

"မတွေ့သေးဘူး။ အဆက်အသွယ်လည်းမရဘူး"

"မတွေ့ပဲနဲ့ အိမ်ပြန်လာရဲသေးတယ်။
မတွေ့မချင်းသွားပြန်ရှာလာခဲ့ ...
ဂျွန်မျိုးနွယ်ရဲ့သွေးသားကိုလွယ်ထားပြီး
အဓိပ္ပါယ်မရှိတာတွေလျှောက်လုပ်ရဲတယ်။
မင်းလည်းအဲကလေးမပါလာမချင်း
အိမ်လုံးဝမပြန်ခဲ့နဲ့"

ဒေါသသံနှင့် ဆူပူကြိမ်းမောင်းနေသော
အဘွားဖြစ်သူကြောင့် စိတ်တွေရှုပ်ထွေးလာ
ခဲ့တာမို့အမြန်ဆုံးသူပြန်ထွက်လာခဲ့လိုက်သည်။

ထယ်ယောင်း သွားတတ်လာတတ်သောနေရာကို
ပင် မသိထားသောအခါကိုယ့်ကိုကိုယ်သာ
အားမလိုအားမရဖြင့်အပြစ်တင်မိသည်။
ဆိုးလ်မြို့တစ်လျှောက်သတိထားပတ်ရှာ
ရင်းမှနောက်ဆုံးထယ်ယောင်းရဲ့အိမ်အဟောင်းဆီသို့သာ ရောက်ရှိလာပြန်ပါသည်။

° LAST HOPE °Where stories live. Discover now