[Unicode]
အချိန်ပိုင်းအလုပ် ပြုတ်ခဲ့သော်လည်း
သူငယ်ချင်းအသစ်လေးက သူဌေးလောင်းပင်မို့
ထယ်ယောင်းအတွက် အလုပ်ချက်ချင်းရှာပေး
နိုင်ခဲ့သည်။ချန်းရဲ့ မိခင်ဖြစ်သူရဲ့ လက်ဆောင်ပစ္စည်း
အရောင်းဆိုင်မှာ ထယ်ယောင်းကိုအလုပ်တစ်ခု
နေရာပေးမှာမို့ထယ်ယောင်းအပျော်ကြီး
ပျော်နေလေရဲ့ ..."ထယ် မနက်ဖြန်ချက်ချင်းအလုပ်ဆင်းစရာမလို
ဘူးနော်။ ထယ်အဆင်ပြေတဲ့အထိ
အေးအေးဆေးဆေးနားလို့ရတယ်""မရဘူး လာမယ်။
သဘောကောင်းလွန်းတဲ့ သူငယ်ချင်းမျက်နှာလေးကို
လွမ်းလွန်းလို့ သေချာပေါက်ကိုလာတွေ့မှာ"ထယ်ယောင်းရဲ့ အချိုသပ်ပြောသံကိုတစ်ဖက်က
ချန်းလည်း သဘောတကျနှင့်ရယ်သံပြုသည်။"ဟုတ်ပါပြီ အလုပ်တော့ဆင်းစရာမလိုဘူး။
လာတွေ့ပြီးသူငယ်ချင်းလေးကိုမုန့်တွေဝယ်ကျွေးပေါ့""ကျွေးမှာ ကျွေးမှာ မနက်ဖြန်ကျရင်တွေ့မယ့်
အချိန် messageပို့လိုက်မယ်""ဟုတ်ပါပြီ ကိုယ်စောင့်နေပါ့မယ်"
ချန်း နှင့် သူငယ်ချင်းဆက်ဆံရေးမှာ
ထယ်ယောင်း နွေးထွေးမှုတွေကိုအပြည့်အဝခံစား
ရသည်။ မတွေ့ရတဲ့ ရက်တွေအတွင်း မကိုင်မိတဲ့
ဖုန်းတွေအကြောင်း ချန်းကစိုးရိမ်တကြီးအခြေအနေ
တွေမေးတဲ့ အခါ ထယ်ယောင်းစိတ်သက်သာရာရ
သည်။ကိုယ့်ကိုဂရုစိုက်တဲ့သူငယ်ချင်းတစ်ယောက်ရှိသည်ဆိုသောအသိဖြင့်တကယ်ကိုအားဖြစ်ရပါသည်။.
.
.ဝယ်လာသော ကိတ်မုန့်ဗူးလေးကိုဆွဲကိုင်ကာ
ကားပေါ်မှအမြန်ဆင်းပြီး တစ်စုံတစ်ယောက်ကို
ပျော်ရွှင်အောင်ဖန်တီးမယ်ဆိုတဲ့ကြည်နူးစိတ်
ဖြင့်အိမ်ကြီးထဲဝင်ရန်ပြင်စဉ် ခြံထဲခုံတန်း၌ ရယ်ပြုံး
နေသောပုံရိပ်လေးကြောင့်ဂျောင်ကုရဲ့ခြေလှမ်းတွေကဦးတည်ချက်ပြောင်းရသည်။အချိန်တစ်ခုကြာသည်အထိ ပျောက်ကွယ်
သွားခဲ့ပြီးသောလေးထောင့်ဆန်ဆန် နှုတ်ခမ်းပါးရဲ့အပြုံးကိုရုတ်တရက်မြင်လိုက်ရတဲ့ချိန် ဂျောင်ကုရဲ့နှလုံးခုန်နှုန်းတွေ မြန်လာရသလို...