[Unicode]
"ထယ်ယောင်း ချိန်းထားတာရှိတယ်မဟုတ်လား။
ဒီနေ့ အလုပ်စောစောဆင်းခွင့်ပေးမယ်"လုပ်ဖော်ကိုင်ဖက်အစ်ကို က ဆိုင်ထဲထိုင်နေသော
ချန်း ရှိရာကိုမေးဆတ်ပြရင်းပြောတော့ ထယ်ယောင်း
ပြာပြာသလဲငြင်းသည်။"ရပါတယ် ကျွန်တော်အချိန်ပြည့်တဲ့အထိလုပ်ပါ့မယ်။ သိပ်ပြီးအရေးမကြီးတာမို့လို့"
"သွားလိုက်ပါ။ ထယ်ယောင်းရဲ့လူကခဏခဏ
ဒီဘက်ကိုကြည့်နေတာ။ဆိုင်မှာကလည်းလူသိပ်မကျတော့ စိတ်ချလက်ချသာသွား လစာမဖြတ်ဘူး"ဆိုင်ရဲ့ မန်နေဂျာအစ်မကြီးကပါ ဝင်ပြောလာတာမို့
ထယ်ယောင်းခေါင်းအသာငြိမ့်ပြလိုက်သည်။
ချန်းအနားထယ်ယောင်းလှမ်းလျှောက်သွားတော့လုပ်ဖော်ကိုင်ဖက်တွေကအသံအမျိုးမျိုးနဲ့လှမ်းစသည်။ထယ်ယောင်းအိမ်ထောင်ရှိမှန်းသူတို့မှမသိထားကြပဲ။"ချန်း နေ့လယ်စာ သွားစားကြမလား"
"အာ ထယ်ယောင်းက အလုပ်ပြီးပြီလို့လား၊
မဟုတ်မှကျွန်တော့်ကြောင့်အလုပ်ဆင်းလိုက်
တာလားဟင်"ထယ်ယောင်း အလုပ်ပြီးတဲ့အထိထိုင်စောင့်ပြီးမှ
အေးအေးဆေးဆေးစကားပြောကြမည်ဟုဆို
ထားတာကြောင့် ယခုလိုတကူးတကဆိုတော့
ချန်းဘက်က အားနာလာရသလို။"မဟုတ်ဘူး ဒီနေ့ကဆိုင်မှာလည်းလူသိပ်မရှိလို့
စောစောဆင်းခွင့်ပေးလိုက်တာ"ထယ်ယောင်းစကားဆုံးသောအခါ ချန်းက
ခေါင်းငြိမ့်ပြသည်။ထို့နောက် နှစ်ယောက်သား
ထိုဆိုင်မှ ထွက်ခွာရင်း နေ့လယ်စာစားဖို့ ဆိုင်တစ်ဆိုင်ရွေးချယ်သည်။"ဟိုလေ အခုလိုမေးတာတစ်မျိုးမထင်နဲ့နော်
ချန်း ကျွန်တော့်ကိုဘာပြောစရာရှိလို့လဲဟင်
နေ့တိုင်းကျွန်တော့်နောက်လိုက်နေသလို ""ကျွန်တော်က ဒီအတိုင်းခင်ချင်လို့ပါ"
ချန်းမှာ မိမိရဲ့ အလွန်အကျူးဖြစ်သွားပုံပေါ်တဲ့
လုပ်ရပ်ကြောင့်ကောင်လေးတစ်မျိုးတွေးထင်သွား
မှန်းရိပ်မိသွားသောအခါ နောက်ဆိုဆင်ခြင်ပြီး
နေ့ရက်တိုင်း အနောက်ကနေတကောက်ကောက်
မလိုက်ဖို့တွေးလိုက်သည်။