Extra

27.1K 2.1K 82
                                    

[Unicode ]

ဂျွန်ထယ်ဝန်လေး သုံးနှစ်ပြည့်။

"ထယ် အခုဘယ်မှာရှိနေတာလဲ"

"ဘယ်မှာရှိရမှာလဲ အိမ်မှာပေါ့"

"ပါးပါး ... ဘယ်ရီ ဘယ်ရီ များများ"

"ရှုး ရှုး "

ထယ်ယောင်းမှာ သူ့ပန်းကန်ထဲကစတော်ဘယ်ရီကို
လက်ညိုးတထိုးထိုးဖြစ်နေသော ထယ်ဝန်လေးအား
နှုတ်ခမ်းရှေ့လက်ညိုးလေးကာ ကာတိတ်တိတ်လေးနေဖို့ သတိပေးလိုက်သည်။

"ထယ်ဝန်လေးအသံကြားတယ် ဘာလုပ်နေကြလဲ
ပြောပါဦး"

"မုန့်စားနေတာ ဒါနဲ့ဂျွန်အလုပ်အားနေတာလား"

ထယ်ယောင်းမှာလက်ရှိအခြေအနေကိုဂျောင်ကု
မရိပ်မိစေဖို့စကားလမ်းကြောင်းလွှဲကာပြောသည်။

" ဖုန်းပြောဖို့လောက်တော့အားပါတယ်။
အဲဆိုင်ကကိတ်မုန့် သားကိုအရမ်းရမ်းမကျွေးနဲ့နော်အချိုအရမ်းများတယ်"

ဖုန်းထဲမှ ဂျောင်ကုရဲ့စကားကြောင့်
အပြင်ခိုးထွက်လာတဲ့ သူတို့သားအဖကို
ဂျောင်ကုမိသွားတာလား ဟူသောစိုးရိမ်စိတ်
ဖြင့် ထယ်ယောင်းမှာအလန့်တကြားဘေးဘီကို
ဝဲကြည့်သည်။

"ဟင် ဂျွန် ထယ်တို့ကိုတွေ့နေတာလား "

"ဒယ်ဒယ် ... "

သားသားလက်ညိုးညွှန်ရာလှမ်းကြည့်လိုက်
တော့မှန်ကာထားတဲ့ ဆိုင်ပြင်တစ်ဘက်ခြမ်းမှာ မိမိအားစိုက်ကြည့်နေသောယောကျာ်းဖြစ်သူကိုတွေ့ပြီးထယ်ယောင်းမှာစိုးရွံ့စွာဖြင့်နှုတ်ခမ်းလေးကိုက်ကာဖုန်းချလိုက်သည်။

ဆိုင်အတွင်းလှမ်းလျှောက်လာတဲ့ခြေလှမ်းတွေနောက်မှာထယ်ယောင်းခေါင်းပင်မဖော်ရဲတော့၊

"ထယ်က ဒီဆိုင်ကို ကိုယ်မပါပဲလာတတ်တဲ့အထိ
သဘောကျနေပြီပဲ"

သားသားနားမှာဝင်ထိုင်လိုက်သော ဂျောင်ကုဆီမှအသံထွက်လာသည်အထိ ထယ်ယောင်းမှာမျက်လုံးတွေသာဆော့ကစားရင်းဖြင့်ကိတ်မုန့်အား ထိုးဆွနေတော့သည်။

ဒီဆိုင်ကိုလာတိုင်းဂျောင်ကုမျက်နှာတွေစူပုတ်သည်။အကြောင်းမှာချန်းရဲ့လုပ်ငန်းစုအောက်ကဆိုင်ပင်ဖြစ်တာမို့၊ဂျောင်ကုကသဘောမကျသလောက်ထယ်ယောင်းကသူငယ်ချင်းနဲ့မကြာခဏတွေ့ရတာကြောင့်အမြဲလာသည်။

° LAST HOPE °Onde histórias criam vida. Descubra agora