[Unicode]
လက်တစ်ဖဝါးစာ ပန်းရောင်အရုပ်ကလေးကို
အိတ်ဖြင့်ဆွဲလျက် သီချင်းသံတညည်းညည်းဖြင့်
ထယ်ယောင်းအိမ်ပြန်ရောက်လာပါသည်။အချိန်ပိုင်းအလုပ်ပြီးအိမ်အပြန်ညနေပိုင်း
ဈေးတန်းတစ်ခုလည်းဝင်ပတ်ရင်း ပိစိလေးအတွက်အရုပ်ဝယ်ပြီးမှအိမ်ပြန်လာရာ ညနေစောင်း ၅ နာရီပင်ရှိပြီ။အိမ်ထဲဝင်တော့ အဘွားတွေ့ရင်အထုပ်ကိုစပ်စပ်စုစုမေးမှာစိုးလို့ အင်္ကျီအောက်ထဲထည့်ဖွက်ပြီးအခန်းထဲ မြန်စွာပြေးဝင်ရသည်။ကံကောင်းတယ်ဆို
ရမလားအိမ်ကြီးအတွင်းမည်သူတစ်ဦးမှမတွေ့
တာမို့အခန်းထဲရောက်ရောက်ချင်းပင်လေပူတစ်
ချက်မှုတ်ထုတ်ပြီးအသက်ရှူချောင်ရ၏။"ကလေးလေးရေ သဘောကျလား။
အပြင်ရောက်လာတာနဲ့ ဒီအရုပ်လေးကို
ပထမဦးဆုံးလက်ထဲထည့်ပေးမှာ"ဂျောက်#
တစ်ယောက်တည်းကြည်နူးမှုတွေနဲ့
ရေရွတ်နေရင်း ရုတ်တရက်အခန်းတံခါးဖွင့်သံ
ကြောင့် အရုပ်ကိုလျင်စွာအိတ်ထဲထိုးထည့်လိုက်
သည်။"ဖွက်လိုက်တာ ဘာလဲ ပြစမ်း"
အလုပ်ကပြန်ရောက်လာသော ဂျောင်ကုမှာ
ပစ္စည်းထုပ်တွေချပြီးသည်နှင့် ထယ်ယောင်းဆီ
စိတ်ဝင်တစားလှမ်းလျှောက်လာရင်းမေးသည်။"ဘာမှမဟုတ်ဘူး ထယ်ရဲ့အဝတ်ထုတ်ပါဆိုမှ
အဝတ်အစားတွေပဲ ရှိတာပေါ့"ထယ်ယောင်းမှာအပြုံးရေးရေးလေးနဲ့အဖြေပြန်ပေး
လိုက်ပါသော်လည်း သိချင်စိတ်ပြင်းပြနေသော
ဂျောင်ကုမှာမယုံသင်္ကာနဲ့မျက်မှောင်ကုပ်လာပြီး ဆွဲလုစစ်ဖို့ပြင်သည်။"ပြစမ်းခိုးကြောင်ခိုးဝှက်ထည့်လိုက်တာ
ငါမြင်တယ်။မင်းကိုယုံလို့ရတာမဟုတ်ဘူး ငါ့ပစ္စည်းတစ်ခုခုခိုးယူထားရင်ရော""ဟအင့် ထယ့်ကိုအဲလိုမပြောနဲ့
ဂျွန်ရဲ့ ပစ္စည်းဘာတစ်ခုမှမထိထားဘူး"ပြောရက်လိုက်တာကိုယ့်သိက္ခာကိုထိပါးလာတာမို့
ထယ်ယောင်းဝမ်းနည်းမိသည်။သူ့အမြင်မှာ
ကိုယ်ကအကျင့်စာရိတ္တပျက်ပြားနေတဲ့ တန်ဖိုးမဲ့လူတစ်ယောက်လို။