[Unicode]
"အဆင်ပြေရဲ့လား နေလို့မကောင်းရင်ပြောနော်"
" အင်း "
ထယ်ယောင်းမှာ တစ်ကိုယ်တည်းကြားရုံသာ
ရေရွတ်ဖြေပြီးတစ်ဖက်လှည့်သွားတော့
ဂျောင်ကုမှာအားမလို အားမရဖြင့် ထယ်ယောင်းလက်မောင်းရင်းကိုလှမ်းဆွဲလိုက်သည်။" ထယ် "
"ဘာမှမဖြစ်ဘူး ကားစီးလာရတာ
ပင်ပန်းလို့ အိပ်တော့မှာ"ခပ်ဆတ်ဆတ်သာ ပြန်ဖြေရင်းညအိပ်ဝတ်စုံ
ထုတ်ယူကာအဝတ်လဲဖို့ရေချိုးခန်းထဲ
ဝင်သွားသောထယ်ယောင်းကျောပြင်ကိုကြည့်ပြီး
ဂျောင်ကု သက်ပြင်းချမိသည်။ဆေးရုံမှာ သုံးရက်နေခဲ့တာမို့ ထယ်ယောင်း
အခြေအနေက စိတ်ချရနေပြီဆိုပေမယ့်
တစ်ဖက်က ပြောင်းလဲသွားတဲ့ထယ်ယောင်းရဲ့
စိတ်အခြေအနေကြောင့်ဂျောင်ကုမှာစိမ်းသက်သက်နှင့်နေမထိထိုင်မသာဖြစ်ရသည်။ထယ်ယောင်းအပေါ် သစ္စာဖောက်မိခဲ့သမျှ
နာကျင်စေခဲ့သော အပြစ်တွေအတွက်တောင်းပန်
မည်ဟု အကြိမ်ကြိမ်သတိပေးတွေးနေပေမယ့်
တကယ်တမ်း သူ့အပေါ်အေးစက်သွားသလိုထင်
ရတဲ့ ထယ်ယောင်းရဲ့အပြုအမူတွေမှာ တောင်းပန်
စကားဆိုဖို့ လမ်းစတွေတောင်သူပျောက်ဆုံးသည်။
သူ့စိတ်ထဲ လွှမ်းမိုးနေတဲ့အရာတစ်ခုက ထယ်ယောင်းသူ့အပေါ် စိတ်ကုန်သွားပြီလား ဆိုတာပဲ။
ကိုယ့်ဘက်က ရှေ့တိုးလှမ်းကာမှနောက်ဆုတ်
လှည့်ပြေးသွားမှာမျိုးကို သူကြောက်ပါသည်။အတွေးတွေနဲ့ စိုးရိမ်ပူပန်နေခိုက်ထမြည်လာသော
ဖုန်းသံနှင့်နံပါတ်တစ်ခုကြောင့်စိတ်ရှုပ်ထွေး
စွာဖြင့်ဆံပင်တွေကိုဆွဲဖွာပြီး စုတ်သပ်မိသည်။
နောင်တဆိုတာအဲဟာလေးနှင့်ပက်သက်ခဲ့
မိခြင်းပင်၊ထယ်ယောင်းဆေးရုံရောက်သည့်
နေ့မှာသူ့ဘက်ကလမ်းခွဲစာစောင်ပို့ခဲ့ပေမယ့် ဖုန်းဆက်တိုက်ခေါ်နေပြီးအကြောင်းပြချက်ရှာ နေသော
မင်ဟွန်းကြောင့်ဒေါသနှင့်အတူ အာရုံနောက်ရစမြဲ။ရေချိုးခန်းတံခါးဖွင့်သံကြားသောအခါ
ဂျောင်ကုမှာဖုန်းကို silent ပြောင်းပြီး
ထယ်ယောင်းဆီအာရုံလွှဲသည်။