[Unicode]
"သခင်လေးထပါတော့ နေအတော်မြင့်နေပြီ"
သခင်ကြီးက ဒီနေ့ Company ကိုအရောက်
သွားဖို့မှာလိုက်တယ်"အိမ်တော်ထိန်းမှ အခန်းတွင်းလိုက်ကာတွေကို
ဆွဲဖွင့်ရင်းဂျောင်ကုအားပြောလိုက်သည်။
အခန်းထဲ တိုးဝင်လာသောနေရောင်ခြည်အလင်းစ
တွေကြောင့် ဂျောင်ကုနိုးထလာပြီး ထထိုင်လိုက်
သည်။အိမ်ထောင်ထိန်းရဲ့စကားသံတွေကိုလျစ်
လျူရှုရင်း မျက်လုံးတွေကပြတင်းပေါက်ကို ဖြတ်ကျော်ပြီးကောင်းကင်ပေါ်မှတိမ်ဖြူတွေကိုငေးသည်။ထို့နောက်ပါးပြင်မှစိုစွတ်နေသောမျက်ရည်တွေကိုသုတ်ရင်းခပ်တိုးတိုးရေရွတ်မိသည်က ..."တစ်ပတ်ပြည့်ပြီ ထယ်ရယ် ...
အလွမ်းတွေနဲ့ နိုးထရတဲ့မနက်ခင်းတွေကတစ်ပတ်
ပြည့်ပြီ""Company သွားဖို့အဝတ်အစားတွေထုတ်ပေးပါ့
မယ် ""မသွားဘူး ... "
အဝတ်ဗီရိုသို့ ဦးတည်နေသောအိမ်တော်ထိန်း၏
ခြေလှမ်းတို့မှာဂျောင်ကုစကားသံကြောင့်ရပ်
တန့်သွားရသည်။"ထယ့်ကိုရှာရဦးမှာ ... ကျွန်တော်မသွားဘူး"
"သွားရမှာပါ သခင်လေးအလုပ်မတက်တာ
တစ်ပတ်ရှိပြီလေ။ပြီးတော့ဒီနေ့ကအစည်းအဝေးလို့ကြားတယ် သခင်မကြီးလည်း Company အရောက်သွားဖို့အမိန့်ပေးထားတယ် "အိမ်တော်ထိန်း၏ ဖြောင်းဖျသံစကားအဆုံး
ဂျောင်ကုမှာ သက်ပြင်းသာချပြီးရေချိုးခန်းသို့
ဦးတည်သွားတော့သည်။ထယ်ယောင်းနှင့်သူ့ကြားမှာ အမှတ်တရကောင်းတွေသိပ်မရှိသော်လည်း ထယ်ယောင်းရဲ့အသံ ၊ထယ်ယောင်း ရဲ့ ပုံရိပ်၊ ထယ်ယောင်း ရဲ့အငွေ့အသက် တွေနှင့် နိုးထခဲ့ရသော မနက်ခင်းတွေကို တမ်းတမိပါသည်။
ချစ်တတ်လာပြီးနောက်ပိုင်းစိတ်ကူးယဉ်ခဲ့ဖူး
တယ်။ကလေးနဲ့ မိသားစုဘဝလေးကို ဘယ်လိုပျော်ရွှင်အောင်ဖန်တီးရမယ်ဆိုတာတွေ အစီအစဉ်ကျတွေးခဲ့ဖူးတယ်။ ကလေး ရဲ့ ဝေယျာဝစ္စတွေကို ထယ်ယောင်းအစား သူလုပ်ပေးမယ်။ထယ်ယောင်းအတွက်
လက်တွဲဖော်ကောင်း ၊ကလေးတွေအတွက်
အဖေကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစား
သွားမှာပါလို့ သူစိတ်ကူးထားတယ်။