Final

32.1K 2.5K 400
                                    

[Unicode]

လိုက်ကာကြားမှတိုးဝင်လာသောအလင်းတန်းများအခန်းထဲ ပြန့်ကြဲလာတဲ့အခါပထမဦးဆုံးနိုးထလာ
သူကကြမ်းပြင်ပေါ်၌ဂွမ်းစောင်ထူကြီးနှင့်ကွေး
အိပ်နေသောဂျောင်ကုပင် ...

အိပ်ရာမှနိုးနိုးချင်းသူနာရီကိုလှမ်းကြည့်လိုက်
သည်၊မနက်၈နာရီတောင်ခွဲနေပြီ၊ကုတင်ပေါ်မှ
ကျယ်ကျယ်ဝန်းဝန်းအိပ်နေသောသားနှင့်
ထယ်ယောင်းကတော့အခုထိမနိုးလာသေး၊
ဂျောင်ကုမှာခင်းထားသောအိပ်ယာကိုသာအမြန်သိမ်းပြီး ဝရံတာရှေ့ထွက်သွား၏။

ရာသီဥတုသာယာလှသော ဆိုးလ်မြို့ကောင်းကင်
ကြီးကို တစ်ချက်မော့ကြည့်ပြီးပြုံးလိုက်သည်။
လုပ်ချင်ရာလုပ်ခဲ့ရလို့ သူ့စိတ်တွေအလွန်တရာမှ
ကျေနပ်နေသည်လေ။

ဘူဆန်အိမ်မှာ သုံးညလောက်တည်းပြီး
ယခု ဆိုးလ်ကိုပြန်ရောက်လာပါပြီ၊ ဘူဆန်မှာတုန်းကဘေးခြံမှသူစိမ်းကောင်လေး
နှင့် အဘွားမိတ်ဆက်ပေးပြီးတဲ့အချိန်ကနေစပြီး သူ့မှာအိမ်ပြေးပြေးပြန်ချိန်စိတ်တွေပေါက်နေတာ အဲကောင်လေးကလည်းအဘွားဆီလာတိုင်း အမြဲယုန်တစ်ကောင်ယူလာပြီးထယ်ယောင်းကိုလာဖြားယောင်းနေသလိုမျိုး၊ဒါတွေကြောင့်သူ့မှာ အိမ်ပြန်ဖို့အကြံပေါင်းစုံထုတ်နေရင်း နောက်ဆုံးမိတ်ဆွေတစ်ယောက်ရဲ့မင်္ဂလာပွဲမို့ ဓာတ်ပုံရိုက်ပေးရမည်ဖြစ်ကြောင်းအရေးကြီးတဲ့
အကြောင်းပြချက်ဖြင့်ညတွင်းချင်းပင်ဆိုးလ်ပြန်လာလိုက်တာ၊ အဖေဖြစ်သူကတော့ အဘွားနဲ့အေးဆေးလိုက်လာမည်ဆိုတာကြောင့် သူတို့မိသားစုသုံးဦးတည်းသာ...

၁၀မိနစ်လောက်ရပ်ပြီးတွေးတောနေမိတာမို့
အတွေးစကိုဖြတ်ပြီး အခန်းထဲပြန်ဝင်လာခဲ့သည်။

အခန်းထဲရောက်တော့ သားကနိုးနေပြီ၊
ကုတင်ပေါ်မှာ မှောက်ယက်ကလေးလှုပ်ရွ
နေရင်းမှ သူ့ကိုမြင်တော့ပါးစပ်လေးတပြင်ပြင်နဲ့
ဗိုက်ဆာပြီဖြစ်ကြောင်း အချက်ပြလာသလို ...

"ဗိုက်ဆာပြီလား ဒယ်ဒီ့ပေါက်စလေးရဲ့၊
ကဲ ...နို့သွားဖျော်ရအောင် "

ညဘက်ကားမောင်းလာရတဲ့လမ်းတစ်လျှောက်လုံးထယ်ယောင်းမှာ တရေးမှမအိပ်ပဲ သားကိုထိန်းရင်းသူ့ကိုအဖော်ပြုပေးခဲ့ရတာမို့ ယခုအခါပင်ပင်ပန်းပန်းနဲ့အိပ်မောကျနေတာကြောင့် ထယ်ယောင်းကိုမနိုးဖြစ်တော့ ၊ သားကိုသာဆွဲပွေ့ချီပြီးနို့ဗူးဖျော်ဖို့အတွက်မီးဖိုခန်းသို့ဆင်းသွားတော့သည်။

° LAST HOPE °Where stories live. Discover now