13

28.1K 2.7K 823
                                    

[Unicode]

"ယောင်းလေး ဂျောင်ကုကိုသွားနှိုးလိုက်ပါတော့။
အားလပ်ရက်မှာ အနားယူတယ်ဆိုရင်တောင်
တစ်နေကုန်မအိပ်နေသင့်ဘူးလေ မိသားစု
ကိုအချိန်ပေးရမှာပေါ့။
သွား သွား မြန်မြန်သွားနှိုးလိုက် ...

မီးဖိုခန်းကကောင်မလေးတွေကိုလည်း
သူတို့သခင်လေးအတွက်မနက်စာပြင်ဖို့ပြောပေးဦး။​
​ဪ သူမနက်စားစားချိန်ယောင်းလေးက
ဘေးမှာအဖော်စောင့်ပေးလိုက်နော်"

"ဟုတ်ကဲ့ အဘွား"

ထယ်ယောင်းမှာအဘွားခိုင်းစေသည့်အတိုင်းလုပ်ဖို့ဧည့်ခန်းမှဂျောင်ကုရှိရာအိပ်ခန်းဆီသို့ဦးတည်သွားသည်။အခန်းတွင်းလိုက်ကာတွေချထား
သည်မို့ အမှောင်ရိပ်အခန်းတွင်းမှာ ဂျောင်ကုကအေးအေးလူလူအိပ်မောကျနေသည်။
အပေါ်ပိုင်းအဝတ်မဲ့နေသော ခန္ဓာကိုယ်နှင့် ဖရိုဖရဲအိပ်စက်နေပုံကြောင့်ထယ်ယောင်းမှာလှုပ်နှိုးဖို့်မဝံ့မရဲဖြစ်ရသည်။

"ဂျွန် ထတော့ နေ့လယ်တောင်ရောက်တော့မယ်"

အလင်းရောင်ကြောင့်အလွယ်တကူနှိုးထလာ
အောင်လိုက်ကာတွေဆွဲဖွင့်ပြီးအသံပြုကာနှိုးသည်။သို့သော်ထိုလူသားမှာတုတ်တုတ်ပင်မလှုပ်။

" ဂျွန် ထတော့ "

" အင်း ~~ "

ပခုံးကို ဆွဲလှုပ်နှိုးမှသံရှည်ဆွဲကာ ညည်းသံပြုပြီး အကြောလျှော့ဆန့်တန်းလာသော လက်တွေကထယ်ယောင်းခါးထက်ယှက်နွယ်လာကာ ဆွဲချလေတော့ ထယ်ယောင်းမှာ အိပ်ယာထက်ပုံခနဲလဲကျသွားသည်။ခန္ဓာကိုယ်ချင်းနီးကပ်သွားအောင်ဆွဲဖက်လာပြီးလက်တွေကအငြိမ်မနေ ထယ်ယောင်းဗိုက်ဖောင်းဖောင်းကို ပွတ်သပ်နေတော့ ထယ်ယောင်းမှာအသက်တောင်ရဲရဲမရှူရဲ ...

"ငါး လ ပြည့်တော့မှာပေါ့ "

မျက်လုံးမှိတ်လျက် ထယ်ယောင်းဗိုက်ကို
ရည်ညွှန်းပြီးရေရွတ်လိုက်သောဂျောင်ကုမှာ
အိပ်မက်ယောင်နေသူပမာ။

"လိုပါသေးတယ် လေးလကျော်ရုံပဲရှိသေးတာ"

တုန်တုန်ယင်ယင် တုံ့ပြန်လိုက်သော
စကားသံတွေနောက်မှာ ထယ်ယောင်းရင်တွေ
အဆမတန်ခုန်နေရသည်။

° LAST HOPE °Tempat cerita menjadi hidup. Temukan sekarang