[Unicode]
အခန်းကျယ်ရဲ့ ကုတင်ထက်မှာထယ်ယောင်း
လဲလျောင်းနေခဲ့တာ ၁၃ နာရီခန့်ရှိပြီ။ ၁၃ နာရီ
လုံးလုံးဂျောင်ကုမှာတစ်ရေးမှမအိပ်စက်
ရသေး၊မတော်တဆမျက်လုံးတွေမှိတ်ပြီး
အိပ်ပျော်သွားချိန်ဒီလူသားတွေသူ့မျက်စိရှေ့
မှပျောက်ကွယ်သွားမှာကိုသူကြောက်သည်။
ထိုသို့ဖြင့်သားနိုးနေလျှင်သားကိုထိန်းနေပြီး
သားအိပ်ပျော်သွားရင်ထယ်ယောင်းကိုထိုင်
ကြည့်ရင်းသာအချိန်တွေကုန်ဆုံးစေခဲ့သည်။မကြာခင်အချိန်လေးမှာပင် ထယ်ယောင်းဆီမှ
ခပ်တိုးတိုးညည်းသံထွက်လာတော့ ဂျောင်ကု
တစ်ယောက်သားပုခတ်လွှဲနေရင်းမှ ထယ်ယောင်းအနားသို့အမြန်ဝင်ထိုင်လိုက်သည်။"ကျွန်တော့် ကလေး ဟင့်"
"ထယ် စိတ်လျှော့ဘာမှမဖြစ်ဘူး ကလေးရှိတယ်"
နိုးလာသည်နှင့် အလန့်တကြားထထိုင်ပြီး
မျက်ဝန်းအိမ်တွေပြူးကျယ်လျက် တုန်လှုပ်နေသောထယ်ယောင်းပုံစံကြောင့် ဂျောင်ကုဆွဲဖက်လိုက်ပြီးကျောပြင်ကို ပွတ်သပ်ပေးသည်။"ဂျွန် တောင်းပန်ပါတယ်။
တကယ်တောင်းပန်ပါတယ်သားကထယ့်ရဲ့ဘဝ
မို့လို့မခွဲပါနဲ့ ""ထယ်ရယ် ... "
ဘာကိုမှမတွေးတော၊မမြင်နိုင်ပဲ သားနှင့်မခွဲဖို့သာ
တဖွဖွရေရွတ်ပြီး တအီအီငိုကြွေးနေသော
ထယ်ယောင်းကြောင့် ဂျောင်ကုရင်ဘတ်ကြီးလဲ
တဆစ်ဆစ်နာကျင်ကိုက်ခဲလာရသည်။"မခွဲပါဘူး"ဆိုပြီးပွေ့ဖက်ကာနှစ်သိမ့်ပေးနေပေ
မယ့်၊ထယ်ယောင်းမှာသူ့စကားကိုမကြားသည့်
အလားပင်စကားသံတွေ ဗလုံးဗထွေးနဲ့ ငိုယိုနေဆဲ ..."အား ! ... မနေချင်ဘူး ဒီအိမ်မှာမနေချင်ဘူး၊
ထွက်သွားပါရစေသားနဲ့နှစ်ယောက်တည်းအဝေးဆုံးကိုထွက်သွားပါရစေ "အသံနက်ကြီးဖြင့် အော်ဟစ်ရုန်းကန်လာသော
ထယ်ယောင်းပုံစံကြောင့်ဂျောင်ကုတုန်လှုပ်လာသည်။"ထယ် ဘာတွေဖြစ်နေတာလဲ။
စိတ်ကိုလျှော့ သားအိပ်နေတယ်လေ၊
သား လန့်သွားမယ် ".