[Unicode]
"ချန်း ကျွန်တော့်ကလေးဘာဖြစ်တာလဲဟင်၊
အငို မရပ်ဘူး။ဟင့် ... သား မငိုပါနဲ့တော့"
"ထယ် စိတ်အေးအေးထားနော် နောက် ၅မိနစ်လောက်ဆိုကူညီပေးမယ့်သူရောက်လာတော့မှာ၊ ကလေးခဏချလိုက်ဦး သေးစိုနေလို့ ငိုတာဖြစ်မယ်"
လမ်းတစ်လျှောက်လုံးနှင့်အိမ်ရောက်သည်အထိကလေးနှင့်အပြိုင်ငိုနေသောထယ်ယောင်း
ကြောင့်ချန်း ရင်တွေလည်းပူလောင်လှပြီ။
ထယ်ယောင်းနှင့်မတွေ့ဖြစ်တာကြာပြီမို့လို့
လွမ်းဆွတ်နေခဲ့ပေမယ့်လည်းသူ့ဆီရောက်လာတဲ့
အခြေအနေက ရက်သား ကလေးငယ်နှင့် မျက်ရည်တွေနဲ့ပြိုလဲနေပုံကြောင့်သူရင်ကွဲမတတ် နာကျင်ရပါသည်။တုန်လှုပ်နေတဲ့ ထယ်ယောင်းပုံစံက
ကိစ္စကြီးကြီးမားမား ဖြစ်ခဲ့သည့်ပုံပေါ်တာမို့
သူ့ကိုယ်သူလုံခြုံတယ်လို့ခံစားရပြီး
စိတ်အေးလောက်မယ့်အချိန်မှပဲဖြည်းဖြည်း
ချင်းချော့မေးမည်ဟုတွေးထားလိုက်သည်။
ထယ်ယောင်းရဲ့ကလေးအတွက် ချန်းရဲ့တစ်ဝမ်းကွဲအစ်မကသားဖွားသူနာပြုပင်မို့ အကူအညီလှမ်းတောင်းထားရတယ်။ဘာတွေဖြစ်ခဲ့မှန်းမသိပေမယ့် ကိုယ့်ဆီရောက်လာရင်
ကိုယ်အတတ်နိုင်ဆုံးကာကွယ်ပြီး စောင့်ရှောက်ပေးမှာပါ။အတွေးတွေကိုခေါင်းခါပစ်ကာ ရပ်တန့်ပြီး
ထယ်ယောင်းဆီမှကလေးကိုမရဲတရဲလှမ်း
ချီသည်။ထင်ထားသည့်အတိုင်းပင် စိုရွှဲနေတဲ့အနှီးစကိုဖယ်ရှားပြီးပုဝါတစ်ခုပွေ့ပတ်ထားပေးတော့မှ ကလေးငယ်ကအငိုတိတ်သည်။ကလေးအငိုတိတ်သွားပေမယ့်
ထယ်ယောင်းမှာ ကလေးကိုပြန်ပွေ့ချီလျက်ပင်
မျက်ရည်တွေဆက်တိုက်ကျဆင်းနေဆဲ ။.
.
."ဘယ်မှာလဲဟင် ကလေးက"
"အထဲမှာ ဝင်လာခဲ့ပါ အစ်မ၊
ကျေးဇူးတင်ပါတယ် ကျွန်တော်တို့
တကယ်အကူအညီလိုလို့ပါ""ဪ ရပါတယ်အချင်းချင်းတွေပဲကို"
အပြင်ဘက်မှ ချန်းနှင့်သူစိမ်းမိန်းကလေးတစ်
ယောက်ရဲ့အသံကြားတော့မှ ထယ်ယောင်းမှာ
မျက်ရည်တွေ အလျင်အမြန်သုတ်ပစ်သည်။