10

28.7K 2.7K 1.2K
                                    

[Unicode]

အခန်းတံခါးကိုဖွင့်ပြီးနောက်ကုတင်ထက်
ငြိမ်သက်စွာအိပ်ပျော်နေဆဲဖြစ်သော ထယ်ယောင်းကိုဂျောင်ကုတစ်ချက်ဝေ့ကြည့်မိသည်။နေတောင်အတော်မြင့်နေပြီထယ်ယောင်းကိုမနက်စာကျွေးပြီးဆေးတိုက်ရမှာမို့နှိုးမှဖြစ်မည်။အသင့်ကိုင်လာသောဆေးခွက်နှင့်ဆန်ပြုတ်ပန်းကန်ကိုစားပွဲပေါ်တင်လိုက်ပြီးအိပ်ပျော်နေသူအနားသို့တိုးကပ်သွားလိုက်သည်။

ပခုံးကိုပုတ်နှိုးဖို့လက်လှမ်းလိုက်ချိန်အကြည့်တွေကစောင်ဖုံးအုပ်ထားသောဝမ်းဗိုက်တစ်နေရာရောက်သွားသောအခါဂျောင်ကု၏လက်လေးမှာဦးတည်ချက်ပြောင်းသွားသည်။ထိုအရာလေးကို ထိကိုင်မိချိန်လျှပ်စီးလိုက်သလိုဖြတ်စီးသွားသောခံစားချက်ကြောင့်လက်ကိုအမြန်ပင်ပြန်ရုတ်သိမ်းလိုက်သည်။

ညကကလေးနှင့်ပက်သက်ပြီးကိုယ်ဝန်ဆောင်ကို
ဂရုစိုက်ရမည့်အကြောင်းတွေ၊ကလေးအနေအထား
ဖြစ်တည်ပုံတွေ ကြားပြီးကတည်းက သူ့အတွေးတွေကရပ်တန့်လို့မရနေတာ။

ရင်ခွင်ထဲမှာ အစပြုထွေးပိုက်ရင်းတီတီတာတာ
ပြောတတ်လာအောင်သင်ကြားပေးရမည့်ပုံရိပ်တွေ၊ခြေထောက်သေးသေးလေးတွေကလျှောက်ပြေး
တတ်အောင် လေ့ကျင့်ပေးရမည့်ပုံရိပ်တွေ၊
မွေးဖွားလာမည့် ကလေးရဲ့အနာဂတ်ကိုတွေးမိသော
အခါ သူ့နှလုံးခုန်သံတွေ မြန်လာရ၏။

မဟုတ်ဘူးငါ့ဘဝကိုအဲလိုဖြတ်သန်းရမှာမဟုတ်ဘူး။ဒီဟာလေးတွေရဲ့ချုပ်နှောင်မှုမရှိပဲလွတ်လွတ်လပ်လပ်ပျော်နေရမှာ။တစ်ဖက်ခြင်းစီလွန်ဆွဲနေသောအတွေးတွေမှလျင်စွာရုန်းထွက်ပြီး လက်ရှိအခြေအနေကိုသတိပြုလိုက်သည်။

ငါ့အမှားအတွက် တောင်းပန်တဲ့အနေနဲ့
တစ်ထစ်လျှော့ပြီး ဆက်ဆံပေးမှာပါ။
မင်းနဲ့ကလေးကိုတော့ ငါမချစ်ပေးနိုင်သေးဘူး။

စိတ်ထဲမှ ထိုစကားကိုရေရွတ်ပြီး သူ့ကိုယ်သူ
စိတ်ကျေနပ်မှုရသည်။ထပ်တူကျတဲ့အချစ်မရှိတဲ့အရပ်မှာထယ်ယောင်းကဘယ်လောက်ကြာကြာနေနိုင်မှာမို့လို့လဲ။ အချိန်တန်လို့ နားလည်ပြီးထွက်သွားတဲ့အခါလွတ်လပ်မှုကိုပြန်ရမယ်။

° LAST HOPE °Hikayelerin yaşadığı yer. Şimdi keşfedin