Before I start writing, I wanna give credit to minhyukist who is the original writer of the story. Thanks for allowing to translate this story.
OK let's get it.
______________________
*Unicode version*Can POV
“Dae ဘာဖြစ်လို့လဲ” ထိုင်ငိုနေတဲ့သူမဆီရောက်တဲ့အခါ လွယ်အိတ်ကိုပစ်ချ သူမကိုပွေ့ဖတ်ပြီး မေးလိုက်တယ်။
ကျွန်တော် နာမည်ကိုသာခေါ်ပြီး ဘာမှမပြောပဲ တရှုံ့ရှုံ့ငိုနေတဲ့သူမကြောင့် ပိုစိတ်ပူလာတယ်။ဘာများဖြစ်တာလဲ။
“Can” ငိုနေရင်းနဲ့ပဲတင်းကျပ်စွာဖတ်လာတဲ့သူမရဲ့ ခေါင်းလေးကို ဖွဖွလေးပုတ်ပေးနေမိတယ်။
“Dae ဘာဖြစ်တာလဲ? ငါ့ကိုပြောလေ” ကျွန်တော် ရင်ခွင်ထဲမျက်နှာအပ်ပြီးခေါင်းပဲခါနေတဲ့သူမကြောင့် ပိုစိတ်ပူလာတယ်။ကျွန်တော့်သူငယ်ချင်း နာကျင်နေရပြီ။ လုံးဝနာကျင်နေတယ်။ သူမကိုအဲ့လိုဖြစ်အောင်လုပ်တဲ့ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်နဲ့တွေ့မယ်။
“Can သူင့ါကိုထားသွားပြီ” နောက်ဆုံးတော့မျက်ရည်စတွေကြားကနေ သူမပြောလာခဲ့တယ်။
“နေပါဦး၊ ဘယ်သူကထားသွားတာလဲ” ကျွန်တော် နားမလည်တော့ဘူး။ ဒါပေမဲ့ သူမကျွန်တော်နဲ့ မျက်နှာချင်းဆိုင်လိုက်မှ ကြည့်လိုက်တော့သူမတော်တော်ခံစားနေရတာပဲ။ မိတ်ကပ်တွေလည်းပျက်လို့ ငိုထားတဲ့ဒဏ်ကြောင့်မျက်လုံးတွေလည်းရဲနေတာပဲ ။
“Tin!!! င့ါကောင်လေး သူအသစ်တွေ့လို့ င့ါကိုထားသွားတာ။ င့ါကိုယ်ငါသူ့ကိုပေးဆပ်ခဲ့ပြီးမှသူပြောင်းလဲသွားခဲ့တယ်။ အစတော့ငါသူ့ကိုသွားတွေမလို့ပဲ၊ ဒါပေမဲ့ နောက်ကျသွားပြီ။ သူ့မှာနောက်၁ယောက်ရှိနေပြီ၊ သူ့ငါ့ကိုလှည့်စားခဲ့တယ်” ကျွန်တော် အံ့သြတကြီးနဲ့မနှစ်မြိုစွာခေါင်းခါမိတယ်။
“နင်ဘာတွေလုပ်ခဲ့တာလဲ Dae? ၊ နင်နဲ့သူ? sex ဖြစ်ခဲ့ကြတာလား ၊ ဘာလို့အဲ့လိုလုပ်ခဲ့တာတုန်း!!!” ကျွန်တော်သူ့ကိုကြိမ်းမောင်းအပြစ်တင်လိုက်တယ်။ ကျွန်တော် အစတည်းကပြောသားပဲ ဒီကောင်ကမယုံရပါဘူဆို အခုကြည့် သူမမိန်းခလေး၁ယောက်အနေနဲ့အရေးကြီးတဲ့အရာ၁ခုဒီကောင့်ဆီမှာဆုံးရှုံးခဲ့ရပြီ။

YOU ARE READING
Bad Things **TinCan [Completed] (Translate)
FanficPlayboy အဆိုးလေး Tin နဲ့ သူငယ်ချင်းတွေကိုအရမ်းချစ်တတ်တဲ့ Can တို့ရဲ့ Fan fic လေးတစ်ပုဒ်ပါ။ မူရင်း eng version ကနေ translate လုပ်ထားတာမို့ အမှားပါရင်ခွင့်လွှတ်ပါ။ Twowish ကိုချစ်တဲ့စိတ်၁ခုတည်းနဲ့ပထမဆုံးအနေနဲ့ translate လုပ်ထားတာမို့ သည်းခံပြီးဖတ်ပေးက...