(အပိုင်း၁)

23.5K 807 9
                                    

ဒီနေ့ကတော့ရှောင်းအိမ်တော်ရဲ့တစ်ဦးတည်းသောရှောင်းပေါက်စလေးဆေးရုံမှာပထမဆုံးအလုပ်စဝင်မဲ့နေ့လေးပေါ့။ကျန့်ကျန့်တစ်ယောက်စက်ဘီးလေးစီးပီးဆေးရုံကိုတစ်ယောက်တည်းထွက်လာခဲ့သည်။ပါးလိုက်မယ်ဆိုတော့လည်းမဟုတ်။ပါးလိုက်ပို့ရင်ပါးကိုရှိန်ပီးစကားကောင်းကောင်းပြောလို့ရမှာမဟုတ်လို့တဲ့။

ဒီလိုနဲ့ဆေးရုံကိုရောက်လာတော့ဆေးရုံကပေးတဲ့သူ့ရုံးခန်းမှာဆေးရုံတစ်ခုလုံးကဆရာဝန်တွေရောသူနာပြုတွေရောစောင့်နေကြသည်။ဆေးရုံအုပ်ဆိုတော့လည်းနည်းနည်းတော့ကြောက်ကြမှာပေါ့။နိုင်ငံခြားမှာဆေးပညာလေ့လာခဲ့တဲ့သူအဖို့ဒါမျိုးတွေကအဆန်းမဟုတ်။ဒီလိုနဲ့သူလည်း
စကားနည်းနည်းပြောပီးသက်ဆိုင်ရာဌာနကိုပြန်လွှတ်လိုက်ရတယ်။

ကျန်းချန်ကတော့သူ့ကိုကြည့်ပီးတပြုံးပြုံးနဲ့
"ဘာတွေသဘောကျပီးတပြုံးပြုံးနဲ့ဖြစ်နေတာလဲ"
" မင်းကိုကြည့်ပီးသဘောကျလို့ဟေ့မနေ့ကပဲအင်္ဂလန်ကပြန်ရောက်တယ်ဒီနေ့ကျတော့ဂျူတီကုတ်ဝတ်ပီးဆရာဝန်ဖြစ်နေပီလုပ်တဲ့ဆေးရုံကျတော့လဲမိဘပိုင် Xiao ဆေးရုံမှာမင်းကတော့တော်တော်သာယာနေလိုက်တာနော်"

"အော်ဒါကတော့ဘဝပေးကုသိုလ်ကံပေါ့သူငယ်ချင်းရယ်မင်းလည်းဘုရားတရားများများလုပ်ပေါ့နော့ပြောလို့တော့မရဘူးမင်းလည်းလက်ထောက်ဆေးရုံအုပ်ဆိုတော့မကြာခင်မင်းကိုဆေးရုံအုပ်လုပ်ဖို့လာကမ်းလှမ်းမှာပေါ့ဟုတ်တယ်မလား"

ကျန့်ကျန့်ကတော့သူတစ်ပါးအပေါ်အမြဲစိတ်ကောင်းထားတတ်သည်။အခုလည်းကျန်းချန်ကိုသူနဲ့အတူအင်္ဂလန်မှာစာလိုက်သင်ပေးဖို့သူ့ပါးကိုပြောပီးအင်္ဂလန်ကပြန်ရောက်တော့လည်းဆေးရုံတစ်ခုတည်းမှာပဲအလုပ်အတူတူလုပ်ရန်လက်ထောက်ဆေးရုံအုပ်ခန့်လိုက်သည်လေ။

"ရှောင်းကျန့်ရေမင်းကတော့တကယ်စိတ်ကောင်းရှိတဲ့သူငယ်ချင်းပါကွာမင်းဘဝတစ်လျှောက်လုံးကောင်းစားပါစေလို့ဆုတောင်းပေးပါတယ်"

ကျန်းချန်တစ်ယောက်စိတ်ထဲကပင်ရေရွတ်ပီးသူ့ရုံးခန်းကိုပြန်လာခဲ့သည်။

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Where stories live. Discover now