(အပိုင်း၉)

4.6K 349 12
                                    

ရိပေါ်တစ်ယောက်ခွေးကိုမောင်းထုတ်လိုက်ပီးအသည်းငယ်တဲ့ Dr. လေးရဲ့ကျောကိုလက်လေးနဲ့ပုတ်ပီးစိတ်ငြိမ်အောင်ထားခိုင်းလိုက်တယ်။

"ကျန့်လေးကိုယ့်ကိုကြည့်ဘာမှမဖြစ်တော့ဘူးနော်ခွေးလည်းမရှိတော့ဘူး"

"......."

ကျန့်ကျန့်တစ်ယောက်ကြောက်လွန်းလို့ခန္တာကိုယ်လေးကတုန်နေပီးလက်ဖျားခြေဖျားလေးတွေတောင်အေးနေတယ်။ရိပေါ်လည်းအစည်းအဝေးရှိတာကြောင့််ကျန့်လေးကိုအိမ်ပြန်လွှတ်လို့လည်းမဖြစ်။တော်ကြာအိမ်မှာနေရင်းတစ်ခုခုဖြစ်ရင်ဘယ့်နှယ့်လုပ်မလဲ။ဒီလိုနဲ့ရိပေါ်ရင်ခွင်ထဲကယုန်ပေါက်လေးကိုပွေ့ပီးကုမ္ပဏီထဲဝင်သွားရတယ်။ကြားထဲကဝန်ထမ်းတွေကတော့တဝိုးဝိုးတဝါးဝါးနဲ့သူတို့ CEOကြီး roလိုက်တာပေါ့။ကားပါကင်မှာခွေးကိုကြောက်လို့ခေါ်လာရတယ်ဆိုတာကိုမသိဘူး။ဒီလိုနဲ့ရိပေါ်ရုံးခန်းထဲရောက်တော့သူ့ Dr. ယုန်ပေါက်လေးကိုဆိုဖာပေါ်ချပေးလိုက်တယ်။ယုန်ပေါက်လေးကတော့ကြောက်လို့ထင်ရဲ့သူ့လက်ကလေးကိုမလွှတ်တမ်းဆွဲထားတယ်။

ဒီလိုနဲ့ရိပေါ်လည်း meetingခန်းထဲကဝန်ထမ်းတွေကိုခေါ်ပီးရုံးခန်းမှာပဲအစည်းအဝေးလုပ်လိုက်ရတယ်။လက်တစ်ဖက်ကတော့ကျန့်လေးဆီမှာ။ဒါနဲ့ပဲဆိုဖာပေါ်ထိုင်ကျန့်လေးကိုသူ့ရင်ခွင်လေးထဲထည့်ပီးအိပ်ခိုင်းလိုက်တယ်။staffတွေတောင်တဝိုးဝိုးနဲ့သူတို့ CEO ရဲ့ roချက်ကတော့လက်လန်တယ်ပေါ့။အအိပ်ဆတ်တဲ့ကျန့်လေးကလဲရင်ငွေ့နွေးနွေးလေးနဲ့မို့နှစ်ခြိုက်စွာအိပ်ပျော်နေလေရဲ့။

ရိပေါ်တစ်ယောက်သူ့ရင်ခွင်ထဲက Dr. ယုန်ပေါက်လေးကိုကြည့်ပီးကျန့်လေးရယ်ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းရတာလဲကွယ်လို့တိုးတိုးလေးရေရွတ်မိတယ်။ရင်ခွင်ထဲမှာအိပ်ပျော်နေတာကအပြစ်ကင်စင်တဲ့ကလေးတစ်ယောက်လိုပင်။ဒီလိုနဲ့နေ့လည်ထမင်းစားချိန်ကျတော့ကျန့်လေးနိုးလာပါလေရော။နိုးနိုးချင်းသူရောက်နေတဲ့နေရာကိုကြည့်လိုက်တော့ CEOရုံးခန်း။သူနေနေတဲ့နေရာကိုကြည့်လိုက်တော့ဝမ်ကောရဲ့ရင်ခွင်ထဲမှာ။ဝမ်ကောကတော့ပင်ပန်းနေလို့ထင့်အိပ်ပျော်နေသည်။သူဝမ်ကောရဲ့ရင်ခွင်ထဲကမထွက်သေးပဲဝမ်ကောရဲ့မျက်နှာလေးကိုငေးကြည့်နေမိသည်။

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Where stories live. Discover now