(အပိုင်း၁၀)

4.8K 358 10
                                    

(XZ pov)
ဘာလိုလိုနဲ့ဝမ်ကောတို့အိမ်မှာနေတာသုံးရက်ရှိပီ။မနက်ဖြန်ဝမ်ကောမွေးနေ့မို့သဘက်ခါမှသာအိမ်ပြန်ရန်ဝမ်မားကပြောသည်မို့သူတစ်ရက်ထပ်နေရအုံးမည်။ဝမ်ကောအပေါ်ထားတဲ့သူ့အချစ်တွေကိုဝမ်ကောကိုမဖော်ပြချင်တကယ်လို့ဝမ်ကောကသာဖွင့်ပြောမယ်ဆိုရင်သူလက်ခံဖို့အသင့်အနေထားတွင်ရှိသည်။

---------------

(WYB pov)

ကျန့်လေးကိုသူဖွင့်ပြောဖို့အသင့်ဖြစ်နေပီဖြစ်သည်။သူစဥ်းစားမိသည်ကအကယ်၍ကျန့်လေးသာသူ့ကိုမချစ်ခဲ့လျှင်သူနိုင်ငံခြားကိုအပီးအပိုင်ထွက်သွားမည်။ကျန့်လေးအနေခက်မည်ကိုသူမလိုချင်လူတစ်ယောက်ကိုချစ်ရင်သူ့ဆုံးဖြတ်ချက်ကိုလေးစားရမည်မဟုတ်လား။သူအတင်းအကြပ်လည်းမလုပ်ချင်ပါကိုယ့်ကိုချစ်ဖို့လိုလားသည့်လူတစ်ယောက်ကိုမုန်းအောင်လုပ်ဖို့ဆိုရအောင်ဝမ်ရိပေါ်မရူးမိုက်သေး။

နောက်ဆုံးတော့ကျန့်လေးကိုဖွင့်ပြောမဲ့ရက်ရောက်လာခဲ့ပီ။ရိပေါ်တစ်ယောက်ရင်တွေတုန်ကာကောင်းကောင်းလဲအိပ်မပျော်ခဲ့။စာမေးပွဲဖြေနေရင်တောင်ရင်မတုန်တတ်တဲ့သူကရင်တွေတုန်နေတာဆိုတော့အချစ်ကဆန်းကြယ်သားဟုတွေးမိလိုက်သေးသည်။သူနေရောင်ဖြာနေတဲ့ရှုခင်းကိုလျစ်လျူရှုကာရေချိုးခန်းဝင်ပီးရေကိုအသန့်စင်ဆုံးချိုးလိုက်သည်။ကျန့်လေးလိုအသန့်ကြိုက်တဲ့သူအတွက်အသေးအမွှားကအစလွဲချော်မှုမရှိလေအောင်အရာရာပြင်ဆင်ပီးဖြစ်သည်။သူအတွေးကိုရပ်လိုက်ပီးအောက်ထပ်ကိုဆင်းလာခဲ့သည်။မားကတော့ထုံးစံအတိုင်းမနက်စာပြင်နေပီးယုန်ပေါက်လေးကတော့မားရဲ့ဘေးမှာကူနေလေရဲ့။ရိပေါ်တစ်ယောက်မနက်စာကိုအမြန်ဆုံးစားပီးကျန့်လေးလိုက်ပို့ပေးဖို့ရာပဲဆန္ဒစောနေသည်။

ယုန်ပေါက်လေးကားပေါ်ရောက်တယ်ဆိုရင်ပဲဆေးရုံကိုမမောင်းပဲသူဘိုကင်ယူထားသော Cafe ဆိုင်ကိုမောင်းလာခဲ့သည်။ကျန့်လေးကတော့

"ကောကျွန်တော်တို့ဘယ်ကိုသွားနေတာလဲဟင်"

"ကျန့်လေးကိုယ့်ကိုယုံတယ်မလားဟင်"

"ဘာလို့မေးတာလဲဟင်"

"ကျန့်လေးကိုကောတစ်နေရာကိုခေါ်သွားချင်လို့"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Место, где живут истории. Откройте их для себя