(အပိုင်း၁၂)

4.6K 334 12
                                    

ရုတ်တရက်အနမ်းခံလိုက်ရတာကြောင့်ကျန့်လေးရှက်သွားပြီးဝမ်ကောရင်ခွင်ထဲကိုပိုပြီးတိုးတိုးဝင်မိနေတယ်။မျက်နှာလေးကလဲရဲလို့စတော်ဘယ်ရီသီးလေးလိုပဲ။ရိပေါ်လည်းချီထားရာကချလိုက်ပြီးကျန့်လေးကိုရင်ခွင်ထဲထည့်ထားလိုက်တယ်။ကျန့်ကျန့်ကလည်းရင်ခွင်ထဲကိုအလိုက်သင့်လေးဝင်လို့။

ရိပေါ်တို့လည်းဆိုင်ထဲကထွက်လာပြီးနေ့လည်စာစားဖို့ဆိုင်တစ်ဆိုင်ကိုရှာလိုက်တယ်။ကျန့်ကျန့်ကတော့ဝမ်ကောလက်ကိုတွဲပြီးဆိုင်ထဲကိုဝင်လာလိုက်တယ်။ဆိုင်ထဲရောက်တော့လဲဝမ်ကောကသူ့ကိုပဲကြည့်ပြီးပြုံးနေတာမို့မနေတတ်သလိုဖြစ်လာတယ်။ရိပေါ်လည်းသူ့ရှေ့ကအနေခက်သလိုဖြစ်နေတဲ့ယုန်လေးကြောင့်ကြည့်နေတာကိုရပ်လိုက်တယ်။ဒီလိုနဲ့စားသောက်ပြီးတော့ရုပ်ရှင်ရုံကိုရောက်လာကြတယ်။

ရုပ်ရှင်ကတော့ Horror ဆန်တာကြောင့်ကျန့်လေးကကြောက်ပြီးရိပေါ်ရင်ခွင်ထဲကိုတိုးတိုးဝင်ကာရိပေါ်လက်လေးကိုဆုပ်ကိုင်ထားတယ်။ရိပေါ်လည်းသူ့ရင်ခွင်ထဲတိုးတိုးဝင်နေတဲ့ယုန်ပေါက်လေးကိုအလိုက်သင့်ပဲပြန်ဖက်ပေးထားလိုက်တယ်။ဒီလိုနဲ့ရုပ်ရှင်ရုံထဲမှာ Horrorကားကြည့်ရင်း Roနေကြတဲ့ကောင်လေးနှစ်ယောက်ရှိနေသတဲ့။

ရုပ်ရှင်ရုံထဲကထွက်လာပြီးတော့သူတို့နှစ်ယောက်အိမ်ကိုပဲပြန်လိုက်ကြတယ်။နောက်နေ့ကရိပေါ်ရဲ့မွေးနေ့ဆိုတော့ကျန့်ကျန့်က surprise giftလေးပေးဖို့စီစဥ်ထားတယ်။အိမ်ပြန်ရောက်တော့လဲခပ်တည်တည်နဲ့သူတို့မဟုတ်သလိုပဲအခန်းထဲဝင်သွားကြတယ်။တော်သေးတာက Couple အင်္ကျီတွေကိုဝမ်မားမမြင်လို့ပဲ။ရှောင်းကျန့်လဲရေမိုးချိုးကာယွိပင်းကိုဖုန်းဆက်ပြီးလာကြိုခိုင်းလိုက်တယ်။စေ့စပ်ဖို့အတွက်လူကြီးတွေကိုအသိပေးဖို့ပေါ့။

ယွိပင်းရှောင်းကျန့်ကိုလာမကြိုခင်ရှောင်းကျန့်ကဝမ်ကောရဲ့အခန်းထဲကိုအရင်ဝင်သွားလိုက်တော့ ကုတင်ပေါ်laptop💻တစ်လုံးနဲ့အလုပ်လုပ်နေတဲ့ရိပေါ်ကိုတွေ့တော့ကုတင်ပေါ်ဝင်ထိုင်လိုက်တယ်။သူဝင်ထိုင်လိုက်တော့ဝမ်ကောက laptopကိုချလိုက်ပြီးကျန့်လေးကိုဆွဲဖက်လိုက်တယ်။

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Where stories live. Discover now