( အပိုင်း ၁၄ )

5.4K 339 6
                                    

After 30 minutes later

ရေချိုးခန်းထဲကထွက်လာတဲ့ကျန့်လေးကိုကြည့်ရင်းရိပေါ်အတွေးများနေမိသည်။ရှပ်အင်္ကျီအဖြူလေးကိုဘောင်းဘီပွလေးနဲ့တွဲဝတ်ထားတဲ့ကျန့်လေးကပြင်ဆင်ခြယ်သထားခြင်းမရှိတာတောင်နတ်သားလေးလိုချောမောမှုမျိုး။ဒီလိုလူသားလေးနဲ့မှားခဲ့မိတာတောင်ရိပေါ်တို့ကျေးဇူးတင်ရမလားပဲ။စိုက်ကြည့်နေတဲ့ဝမ်ကောကြောင့်ရှက်နေမိတာမှန်ပေမဲ့သူဟာကိုယ့်အပိုင်လို့တွေးမိတိုင်းရင်ထဲကဖြစ်တည်လာတဲ့ပီတိကဘာနဲ့မှမလဲနိုင်။စိုက်ကြည့်နေတဲ့ဝမ်ကောအနားကိုသွားပြီးမျက်နှာရှေ့လက်ယမ်းလိိုက်မှအသိပြန်ဝင်လာတဲ့ဝမ်ကောကြောင့်ရှက်မိပြန်ပြီ။

မျက်နှာရှေ့လက်ဝှေ့လာတဲ့ကျန့်လေးကြောင့််အတွေးတွေကကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပြီ။ကျန့်လေးရေချိုးခန်းဝင်နေတုန်းတစ်ဖက်အခန်းကရေချိုးခန်းဆီသွားပြီးကိုယ်လက်သန့်စင်ပြီးပြီမို့သူလည်းအဆင်သင့်ပင်။

ကျန့်လေးရဲ့လက်ကိုဖွဖွလေးဆုပ်ကိုင်ရင်းအောက်ထပ်ကိုဆင်းလာလိုက်သည်။ထမင်းစားခန်းထဲကအသံတွေကြောင့်လူကြီးတွေထမင်းစားခန်းထဲဝယ်ရှိနေပြီဖြစ်ကြောင်းသိလိုက်တာမို့ထမင်းစားခန်းထဲကိုသာတန်းတန်းမတ်မတ်ဝင်လာလိုက်သည်။အခန်းထဲဝင်လာသောသားနှစ်ယောက်ကိုကြည့်ပြီးဝမ်ပါးကပင်စကားစလိုက်သည။

"သားတို့ရောက်လာပြီပဲထိုင်ကြပါအုံးပါးတို့ပြောစရာရှိတယ်"

"ဟုတ်ကဲ့ပါး"

ဝမ်ပါးကပင်ရှောင်းပါးဆီသို့စကားစလိုက်သည်။

"ကျုပ်တို့ကလေးနှစ်ယောက်ကိုစီစဥ်ပေးထားပေမဲ့ဒီလောက်မြန်မြန်ဖြစ်လာလိမ့်မယ်လို့မထင်ထားမိဘူးဟုတ်တယ်မို့လားရှောင်းပါး"

"ဟုတ်တာပေါ့ဝမ်ပါးရယ်ဒီအခြေအနေထိရောက်လာပြီဆိုတော့မှမတတ်နိုင်ဘူးနောက်တစ်ပတ်နေရင်လက်ထပ်ပေးလိုက်ကြတာပေါ့"

"ကောင်းသားပဲကလေးနှစ်ယောက်ကလည်းလွန်ကုန်ပြီဆိုမှတော့ကျွန်မတို့လည်းစီစဥ်ပေးလိုက်ကြတာပေါ့နော်"

"မေရိရယ်ဝမ်လေးသဘောတို့ကိုလည်းမေးကြည့်ပါအုံး"

"အော်ယွိရှင်းရယ်မေးစရာကိုမလိုတာဒီထိတောင်ရောက်လာပြီဆိုမှတော့နာခံရုံကလွဲပြီးတတ်နိုင်မှာမဟုတ်ဘူးဟုတ်တယ်မလားရိပေါ်"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Where stories live. Discover now