(အပိုင်း၆)

5K 393 17
                                    

ညနေရောက်သော်

"တီးတောင်.တင်းတောင်"

"လာပီလာပီ"

ရှောင်းကျန့်တစ်ယောက်တံခါးဖွင့်လိုက်တော့တွေ့လိုက်ရသည်ကစစ်ကျွေး။
"ဪအားယွမ်လာလေ"

ထိုစဥ်အခန်းထဲကအသံတစ်ခု
"ကျန့်လေးဘယ်သူရောက်နေတာလဲ"

"စစ်ကျွေးရောက်နေတာလေဝမ်ကော"

"အားကျန့်မင်းတို့ကအတူတူနေကြတာလားမဟုတ်မှလွဲမင်းတို့"

စစ်ကျွေးကမယုံသင်္ကာနှင့်ကြည့်ကာမေးနေသည်မို့
"ဘာတုံး"

"မင်းတို့နှစ်ယောက်ဟို..ဟိုကွာ"

ကျန့်ကျန့်တစ်ယောက်စိတ်မရှည်ဟန်ဖြင့်မေးတဲ့စကားကို

"ဘာတုံးဘာမှမဟုတ်ဘူးငါကဆေးပညာဟောပြောပွဲကြောင့်လာတာသူကအလုပ်ကိစ္စနဲ့လာတာဟိုတယ်ချင်းတူတူပဲမို့သူလည်းငါ့ကွန်ဒိုမှာပဲနေတာရှင်းပီလား"

"ဟုတ်လားရိပေါ်ကော"

"အွန်းဟုတ်တယ်စစ်ကျွေးသူပြောသလိုပဲအဲ့တိုင်းပဲ"

"ဪဟုတ်ပီလေဒါဆိုသောက်ရအောင်ကျွန်တော်ဘီယာနဲ့အမြည်းတွေဝယ်လာတယ်"

"ဝမ်ကောရောသောက်မလား"

"သောက်တာပေါ့ကောလည်းမသောက်ရတာကြာပီမို့"

ကောင်းပီလေတူတူသောက်ကြတာပေါ့"

နှစ်နာရီကြာပီးနောက်
"ရိပေါ်ကောကျွန်တော်ပြန်ပီအားကျန့်ကိုဂရုစိုက်လိုက်ပါဦး"

"ဖြေးဖြေးသွားနော်စစ်ကျွေး"

ရိပေါ်တစ်ယောက်ဘီယာသောက်ကာမှောက်နေသည့် Dr. ယုန်ပေါက်လေးကိုကြည့်နေမိသည်။အရက်ရှိန်ကြောင့်ပါးဖောင်းဖောင်းလေးတွေကရဲနေကာနှုတ်ခမ်းလေးကလည်းသူ့ကိုသွေးဆောင်နေသလိုလိုပင်။ရိပေါ်စိတ်ထဲမှာတော့

"ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေရတာလဲပိတ်နမ်းလိုက်ရမကောင်းဖြစ်တော့မယ်"
ရိပေါ်တစ်ယောက်စိတ်ထဲကကြိမ်းဝါးကာမနေနိုင်မထိုင်နိုင်နှဖူးလေးကိုနမ်းလိုက်မိသည်။ပီးတော့မှကျန့်လေးကိုအိပ်ခန်းထဲချီကာမွေ့ယာပေါ်တင်ပေးလိုက်သည်။မွေ့ယာပေါ်တင်ပေးပီးနှုတ်ခမ်းလေးကိုအသာအယာဖိနမ်းကာအခန်းထဲကပြန်ထွက်လာခဲ့သည်။ကျန့်ကျန့်ကတော့အိမ်မက်ထဲတွင်ခွေးလေးတစ်ကောင်ကသူ့နှုတ်ခမ်းနဲ့နှဖူးကိုနမ်းသွားတယ်လို့မက်နေသတဲ့။(ငါ့ရိပေါ်လေးနမ်းတာပါကျန့်ရယ်😂😂)

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Donde viven las historias. Descúbrelo ahora