5 years later,
23/11/2025
(Yi Bo pov:)
ရိပေါ်တစ်ယောက်ဒီနေ့အိမ်ပြန်ဖိို့စိတ်လောနေမိသည်။သည်းငယ်နဲ့ 5 years anniversaryမို့အိမ်ပြန်စောရမည်ဖြစ်သည်။လွန်ခဲ့တဲ့5နှစ်လုံးမှာငယ်နဲ့သူ့ရဲ့အိမ်ထောင်ရေးဟာအဆင်ပြေခဲ့ပါတယ်။ဒီနှစ်တော့ငယ်ကထူးထူးခြားခြား anniversaryကိုအိမ်မှာပဲလုပ်မည်ဆို၍သာ။လွန်ခဲ့တဲ့5နှစ်အတွင်းငယ်ကသူ့အတွက်သားနဲ့သမီးကိုမွေးပေးခဲ့သည်။ငယ်ဟာသူ့ဘဝရဲ့ပဲ့ကိုင်ရှင်လေးဖြစ်နေခဲ့ပါပြီ။ညနေ 5နာရီ:
ရိပေါ်တစ်ယောက်အလုပ်မြန်မြန်သိမ်းပြီးအိမ်သို့ပြန်လာခဲ့သည်။ကားဟွန်းတီးလိုက်တာကြောင့်အလိုလိုပွင့်သွားသောတံခါးဟာတစ်အိမ်လုံးမှောင်နေပေမဲ့ငယ်ရှိနေတယ်ဆိုတာသိသာစေတယ်။ကားကိုဂိုဒေါင်ထဲထည့်ပြီးပြန်လာတဲ့လမ်းတစ်လျှောက်လုံးဟာအမှာင်အတိပေမဲ့မီးအိမ်လေးတွေကိုစိတ်စိတ်လေးထွန်းထားတာကြောင့််အလင်းရောင်ပျပျလေးရှိနေတယ်။အိမ်ထဲကိုဝင်ဝင်ချင်းအနီရောင်ဖယောင်းတိုင်လေးထွန်းပြီးနှင်းဆီပွင့်ဖတ်လေးတွေကြားလမ်းကျဥ်းကျဥ်းလေးရှိနေတယ်။လမ်းတဆုံးကိုလျှောက်လိုက်ပြီးနောက်ဆုံးမြင်လိုက်ရတာကနှင်းဆီပွင့်ဖတ်လေးတွေကြဲထားတဲ့မွေ့ယာလေးရယ် Romanceဆန်ဆန်ညစာထမင်းဝိုင်းလေးရယ်ပါပဲ။ရိုးရှင်းလွန်းပေမဲ့ဒါတွေကိုငယ်တစ်ယောက်တည်းပြင်ဆင်ထားတယ်ဆိုတာသိသာလှတယ်။
စားပွဲခုံလေးမှာဝင်ထိုင်လိုက်တော့ရှပ်ကော်လံအင်္ကျီပွပွကိုဝတ်ဆင်ထားတဲ့ငယ်ကအခန်းထောင့်လေးကထွက်လာပြီးစားပွဲခုံတစ်ဖက်မှာဝင်ထိုင်လိုက်တယ်။ကိုယ်လုံးလေးမြုပ်နေတဲ့အင်္ကျီပွပွကြီးကရင်ဘက်ကဟိုက်ပြီးအတွင်းသားတွေအထိလှမ်းမြင်နေရတယ်။ရိပေါ်ဝိုင်ထည့်လိုက်ပြီးတစ်ခွက်ကိုကျန့်လေးဆီကိုလှမ်းပေးလိုက်တော့လက်သွယ်သွယ်လေးတွေကအဆင်သင့်လှမ်းလာတယ်။
ရိပေါ်ကတော့ဝိုင်ကိုသောက်လိုက်ပေမဲ့ကျန့်လေးကတော့ဝိုင်ကိုမသောက်ပဲဖန်ခွက်လေးကိုကိုင်ပြီးဆော့ကစားနေတယ်။ဆိတ်ငြိမ်နေတဲ့အခန်းထဲမှာကျန့်လေးရဲ့သက်ပြင်းချသံတိုးတိုးလေးကိုကြားနေရတယ်။ကျန့်လေးကပဲငြိမ်သက်နေတဲ့အခန်းထဲကတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်။
YOU ARE READING
နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )
RomanceBJYX Fanfiction! Written by Author-May Type - Especially Romance, Fantasy, Comedy Yizhan 💚 Both Zawji & Unicode