(အပိုင်း၃)

7.4K 497 4
                                    

ကျန့်ကျန့်တစ်ယောက်ကားပေါ်မှာထိုင်နေသော်လည်းစိတ်ကစောနကဆိုဖာပေါ်မှာပင်။သူတကယ်ပိုးဟပ်ဖမ်းတာလားငါ့ကိုနမ်းဖို့လုပ်နေတာလား။တော်ပီကွာဆက်မစဥ်းစားတော့ဘူး။

"တော်ပီ"

သူရုတ်တရက်ပြောလိုက်တာကြောင့်ရိပေါ်တစ်ယောက်ကြောင်သွားကာကားကိုလမ်းဘေးရပ်လိုက်သည်။

"ဘာကိုတော်ပီလို့ပြောတာလဲကျန့်လေး"

ကျန့်ကျန့်တစ်ယောက်ကျန့်လေးဆိုတဲ့စကားကြောင့်ကြက်သီးတောင်ထသွားသည်။

ပီးမှလေသံကိုထိန်းရင်း
"ဘာမှမဟုတ်ပါဘူးဝမ်ကော Caseတစ်ခုစဥ်းစားရင်းဦးနှောက်ရှုပ်သွားလို့"

"ဪဒါဆိုလဲမစဥ်းစားနဲ့တော့နော်ဆေးရုံရောက်တော့မယ်ဒီညဆေးရုံမှာပဲနေမလားကျန့်လေးအိမ်ကိုပြန်လိုက်ပို့ရမလား"

"အိမ်ပြန်မယ်ကောမားကိုပြောစရာရှိသေးလို့"

"ဒါဆိုကျန့်လေးအလုပ်ပီးတဲ့အထိစောင့်ပီးလိုက်ပို့မယ်နော်ကျန့်လေးအိမ်ပြန်ညနက်ရင်စိုးရိမ်လို့"

"ဟုတ်ကဲ့ဝမ်ကော"

ဒီလိုနဲ့ဆေးရုံရောက်တော့သူနာပြုတွေနဲ့ Dr. ရဲ့မျက်လုံးတွေကကျန့်လေးနဲ့သူ့ဆီမှာ။ကျန့်လေးကတော့ဂရုစိုက်ပုံမပေါ်။သူ့ရုံးခန်းကိုသာဦးတည်ပီးသွားနေသည်။Nurse တွေနဲ့ Dr. တွေကကျန့်ကိုတော့ရှိန်ပုံရသည်။မျက်လုံးတစ်ချက်ဝေ့လိုက်တာနဲ့တင်ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြသည်။

သူကတော့ maskတပ်ထားတာမို့ကိုယ်နေဟန်ထားလောက်သာကြည့်လို့ရသည်။သူကတော့ခပ်ချေချေပဲရုံးခန်းထဲဝင်ပီးလုပ်စရာရှိတာလုပ်နေသည်။သူအလုပ်လုပ်နေပုံကိုတစိမ့်စိမ့်ကြည့်ရတာအရသာရှိလှသည်။ကျန့်လေးအလုပ်ပီး၍အိမ်ကိုပြန်ပို့ဖို့အလုပ်မားဆီကဖုန်းဝင်လာသည်။

"ကိုယ်ဖုန်းပြောလိုက်ဦးမယ်နော်ကျန့်"

"ဟုတ်ကဲ့ဝမ်ကော"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Where stories live. Discover now