(အပိုင်း၈)

4.6K 358 10
                                    

နောက်တစ်နေ့
မနက်ခင်းရဲ့နွေးထွေးမှုကြောင့်ရှောင်းကျန့်တစ်ယောက်နိုးထလာခဲ့သည်။မနက်ခင်းလမ်းထလျှောက်လေ့ရှိတဲ့သူ့အဖို့အဲ့နေ့မနက်ခင်းဟာအခြားနေ့တွေနဲ့အတူလှပနေခဲ့တယ်။သူအားကစားဝတ်စုံကိုဝတ်ပီးအိမ်အောက်ထပ်ကိုဆင်းဖို့အလုပ်မှာပဲသတိရသွားတယ်။အဲ့တာကတော့သူဒီရပ်ကွက်နဲ့မရင်းနှီးဘူးဆိုတာကိုပါပဲ။သူတစ်ခုစဥ်းစားလိုက်တယ်။ဝမ်ကောကိုနှိုးပီးလမ်းတူတူလျှောက်ဖို့ပြောရမယ်။ဒါမဲ့ဝမ်ကောကိုတွေ့တိုင်းခုန်နေတဲ့နှလုံးသားလေးကိုသူထိန်းချုပ်နိုင်ပါ့မလား။ဘာဖြစ်ဖြစ်သူထိန်းချုပ်နိုင်မှဖြစ်မည်။တွေးရင်းနဲ့ပင်ဝမ်ကောအခန်းဘက်ကိုရောက်လာခဲ့ပီ။အခန်းရှေ့ရောက်မှတော့မထူးတော့ဘူး။နှိုးလိုက်မယ်ဟုကြံရွယ်ကာတံခါးခေါက်ဖို့အလုပ်ပွင့်လာတဲ့တံခါးကြောင့်လန့်သွားပီးနောက်လန်ကျတော့မဲ့အချိန်မှာပဲနွေးထွေးတဲ့လက်တစ်စုံရဲ့ဖမ်းဆွဲမှုနဲ့အတူဝမ်ကောရဲ့ရင်ခွင်ထဲကိုရောက်သွားရတော့တယ်။ဝမ်ကောရဲ့သဘာဝဆန်ဆန်ချောမောနေတဲ့ယောကျ်ားပီသတဲ့မျက်နှာလေးကိုငေးမောနေမိတယ်။တစ်စက္ကန့်...နှစ်စက္ကန့်ကျော်....။သူငေးနေမိတာဘယ်လောက်ကြာသွားမှန်းမသိလိုက်။

"ကျန့်...ကျန့်....."
ဝမ်ကောကသူ့ကိုလက်ဝှေ့ယမ်းကာခေါ်မှပဲအသိပြန်ဝင်တော့သည်။

"ဝမ်...ဝမ်ကော"

"ရရဲ့လားကျန့်လေးအဆင်ပြေလား"

"အဆင်ပြေပါတယ်ဝမ်ကောဒါနဲ့ဘာလုပ်နေတာလဲ "

"ဪမနက်ခင်းလမ်းသွားလျှောက်မို့လေကျန့်လေးရောသွားမလို့ဟုတ်ဘူးလားဘယ်လိုလုပ်ကောအခန်းရှေ့ကိုရောက်နေတာလဲ"

"အမ်..ဪကောကိုလာခေါ်တာကျွန်တော်ကဒီရပ်ကွက်နဲ့မရင်းနှီးသေးတော့လမ်းတွေသိပ်မသိလို့"

"ဪဒါဆိုတူတူသွားကြတာပေါ့"

"ဟုတ်ကဲ့သွားမယ်လေ"

ဒီလိုနဲ့ပန်းခြံထဲရောက်လာပါလေရော
ပန်းခြံမှာတော့သူတို့နှစ်ယောက်ကိုလူတိုင်းကကွက်ကြည့်ကွက်ကြည့်နဲ့ပြုံးစိစိလုပ်နေကြတယ်။ကျန့်ကျန့်ကတော့ပတ်ဝန်းကျင်ကိုသိပ်ဂရုစိုက်တဲ့ဟန်နဲ့ပေမဲ့သူ့ယုန်ပေါက်လေးချောတာကိုရိပေါ်အသိဆုံး။အခုဆိုရင်ပြေးရင်းနဲ့ထွက်လာတဲ့ချွေးလေးတွေနဲ့ကျန့်ကျန့်ရဲ့မျက်နှာလေးဟာကမ္ဘာကျော်မင်းသမီးတောင်ရှုံးလောက်ပေရဲ့။အရပ်လေးကသူ့ထက်နည်းနည်းပုပေမဲ့သူ့ခန္တာကိုယ်အချိုးအစားနဲ့ဆိုရင်ကြည့်ကောင်းရုံပင်မဟုတ်။နှုတ်ခမ်းရဲ့အောက်ကမှဲ့လေးဟာလည်းတစ်နည်းအားဖြင့်ကျန့်လေးရဲ့ချောမောမှုကိုအထောက်အကူပြုနေတယ်။ဖြစ်နိုင်ရင်ကျန့်လေးကိုသူ့မူပိုင်အဖြစ်သူပိုင်ဆိုင်ချင်လွန်းလှသည်။လာမဲ့သူ့မွေးနေ့မှာဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပီ။

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Where stories live. Discover now