(အပိုင်း၄)

6.4K 450 1
                                    

ရိပေါ်တစ်ယောက်အံ့ဩခြင်းများစွာဖြင့်သူ့ရှေ့ကထိုင်နေသည့်ကောင်လေးကိုကြည့်လိုက်သည်။သူ့ထက်နှစ်နှစ်ငယ်သောကောင်လေးကသူ့အကြိုက်ဆုံးပန်းချီဆရာတဲ့။

သူမရေရာစွာဖြင့်
"ဒါဆိုကျန့်ကလွန်ခဲ့တဲ့ငါးနှစ်ကတည်းကပန်းချီစဆွဲခဲ့တာပေါ့။အခုရောပန်းချီဆွဲဖြစ်ဘူးလား"

"အင်္ဂလန်မှာတုန်းကတော့ဆွဲဖြစ်တယ်ပြန်ရောက်တော့ဆွဲဖို့အချိန်မရှိတော့မဆွဲဖြစ်ဘူး"

"ဪ"

ရိပေါ်ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်းဆိုဖာတစ်ဘက်တွင်ချထားသည့်ခရီးဆောင်အိပ်ဆီမျက်လုံးရောက်သွားသည်။ကျန့်ကျန့်ကတော့ရိပေါ်ကိုကြည့်နေတာမို့ရိပေါ်တစ်ယောက်ခရီးဆောင်အိတ်ဆီအကြည့်ရောက်သွားသည်ကိုသတိထားမိသွားသည်။

သူအင်္ဂလန်ပြန်သွားရမည့်အကြောင်းကိုဒီညမားတို့ကိုပြောဖို့စီစဥ်ထားသော်လည်းမားကဆိုင်မှာမို့မပြောရသေး။ပါးကလည်းအလုပ်ကိစ္စနှင့်ခရီးလွန်နေသည်မို့ဘယ်သူမှမသိသေး။သူရယ်ကျန်းချန်ရယ်ယွိပင်းရယ်သာသိသေးသည်။မပြောမဖြစ်တဲ့ကိစ္စမို့သူပြောရန်ဆုံးဖြတ်လိုက်သည်။

"ကျွန်တော်သဘက်ခါကျရင်အင်္ဂလန်မှာတက်ခဲ့တဲ့တက္ကသိုလ်ရဲ့ဆေးဘက်ဆိုင်ရာဟောပြောပွဲကိုသွားဖို့ရှိတယ်"

"ဪ ဟမ်သဘက်ခါလား"

ရိပေါ်တစ်ယောက်အံ့ဩသွားရသည်။သဘက်ခါကျရင်သူလည်းအင်္ဂလန်မှာရှိတဲ့ရုံးချုပ်ရဲ့ရှယ်ယာရှင်ဆွေးနွေးပွဲကိုသွားဖို့ရှိသည်လေ။ကံကြမ္မာကိုမယုံသောလူသားတစ်ယောက်ကတော့ကံကြမ္မာကိုပထမဆုံးအကြိမ်ကျေးဇူးတင်မိသွားသည်လေ။

ကျန့်ကျန့်ကတော့ရိပေါ်ရဲ့ပြောင်းလဲသွားတဲ့အမူအရာကိုကြည့်ရင်းစိတ်ရှုပ်စွာဖြင့်
"ကောဘာဖြစ်နေတာလဲ"

"ဪဘာမှမဖြစ်ဘူးကောလည်းသဘက်ခါကျရင်ရှယ်ယာရှင်ဆွေးနွေးပွဲတက်ဖို့အင်္ဂလန်ကိုသွားစရာရှိလို့တိုက်ဆိုင််တယ်လို့စဥ်းစားနေတာ"

"အဲ့လိုလားကောကဘယ်အချိန်လဲ"

"မနက်---နာရီလောက်ပေါ့"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Dove le storie prendono vita. Scoprilo ora