(အပိုင်း၁၁)

4.7K 349 13
                                    

ရိပေါ်တစ်ယောက်ကျန့်ကျန့်ကိုကြည့်ရင်းပြုံးကာပျော်ရွှင်နေမိသည်။ချစ်သူရဲ့လက်ကိုဆွဲရင်းပျော်ရွှင်ရသည့်ခံစားချက်ကိုနားလည်ခဲ့ပြီလေ။ကားမောင်းရင်းLove Seatထိုင်နေသည့်ယုန်ပေါက်လေးကိုခိုးကြည့်ရင်းပျော်ရွှင်ခဲ့ဖူးသည့်သူ့ကိုပြန်လည်ခိုးကြည့်ခဲ့တဲ့ယုန်လေးကိုချစ်ခွင့်ရခဲ့ပြီ။ချစ်သူသက်တမ်းတစ်ရက်ပဲရှိသေးသောယုန်လေးကိုကြည့်မဝအောင်ချစ်ရသည်။

ယုန်လေးကိုဆေးရုံပို့ပြီးကုမ္ပဏီကိုမောင်းလာခဲ့သည်။အစည်းအဝေးရှိသည်မဟုတ်လား။အစည်းအဝေးပြီးရင်ယုန်လေးဆေးရုံကိုလိုက်သွားပြီး Shopping တူတူထွက်မည်။ရုပ်ရှင်ကြည့်မည်။ညဘက်ကျမှအိမ်ပြန်ကြမည်။သူ့အတွေးနှင့်သူအဆင်ပြေလှသည်။အတောက်ပဆုံးအပြုံးဖြင့်ဝင်လာသည့် ရေခဲတုံး CEOကိုကြည့်ကာ staffတွေနှင့်ဝန်ထမ်းတွေပါးစပ်အဟောင်းသား။CEOအခုပြုံးနေတာလား။ပုံမှန်ချိန်တောင်တည်နေတတ်တဲ့သူကလေ။

"ဟဲ့ CEOအခုပျော်နေတာလားရေခဲတုံးကလေ"

"အေးနင်ငါ့ကိုဆိတ်ကြည့်စမ်းပါအိပ်မက်မက်နေတာလား"

"အေး"

"အားယားနာတယ်ဖြေးဖြေးဆိတ်ပါ"

စသည်ဖြင့်တစ်ယောက်တစ်ပေါက်ပြောတေသူများကိုလျစ်လျူရှုကာအစည်းအဝေးအခန်းစီသို့......

တစ်ဖက်ဆေးရုံတွင်

ကျန့်တစ်ယောက်ပျော်ရွှင်နေမိသည်။ကောနှင့်ချစ်သူဖြစ်ခဲ့ပြီလေ။ပြုံးရွှင်နေသည့်ဆေးရုံအုပ်ကိုကြည့်ရင်းကျန်းချန်တစ်ယောက်အတွေးများနေမိသည်။မနေနိုင်သည့်အဆုံး Causeအပြီးဆေးရုံအုပ်ရုံးခန်းကိုသွားလိုက်တယ်။

"ဒေါက် ..ဒေါက်...ဒေါက်"

"ဝင်ခဲ့ပါ"

"ကျန့်ကျန့်"

"လာလေကျန်းချန်ဘာပြောမို့လဲ"

"မင်းဒီနေ့ထူးဆန်းနေတယ်နော်"

"ဘာလို့"

"ဪခါတိုင်းဆိုရေခဲတုံးကပြုံးခဲတယ်လေဒီနေ့ကျမှပြုံးရွှင်နေတာပဲဘာလဲရည်းစားပြောခံလိုက်ရလို့လား"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Nơi câu chuyện tồn tại. Hãy khám phá bây giờ