(အပိုင်း၅)

5.4K 408 9
                                    

လေယာဥ်ကွင်းဝယ်
ရှောင်းကျန့်တစ်ယောက်ဝမ်ကောအလာကိုစောင့်နေလိုက်သည်။ရိပေါ်လာတော့အတူတူလေယာဥ်ပေါ်တက်ကာထိုင်ရမဲ့နေရာအသီးသီးကိုရှာလိုက်သည်။ရှောင်းကျန့်နံပါတ်က18ရိပေါ်နံပါတ်က22မို့ဘေးချင်းကပ်ထိုင်ရသည်။လေယာဥ်ပေါ်မှာလဲဘာစကားမှမပြောဖြစ်ကြ။

နောက်ဆုံးလေယာဥ်ပေါ်ကဆင်းတော့မှရိပေါ်က
"ကျန့်လေးကိုယ်ကုမ္ပဏီကကားလာပို့ခိုင်းထားတယ်ကျန့်လေးကိုယ်နဲ့တူတူသွားမှာမို့လား"

"ကောင်းပီလေဒါဆိုကျွန်တော့်ကွန်ဒိုကိုအရင်သွားကြမယ်မနက်ဖြန်ကျရင်ဆွေးနွေးပွဲတက်ရမှာဆိုတော့နှစ်ယောက်လုံးဦးနှောက်ရှင်းနေအောင်နားမှဖြစ်မယ်"

"ဟုတ်ပီလေဒါဆိုကိုယ်တို့ကားဆီသွားရအောင်"

ကားနားရောက်တော့ကုမ္ပဏီကလာကြိုသည့် ကားနှစ်စီးနှင့်Bodyguardများကိုတွေ့ကာကျန့်ကျန့်မျက်နှာလေးမှုန်ကုပ်သွားသည်။ရိပေါ်လည်းအလိုက်သိစွာဖြင့်

"မင်းတို့ကားတစ်စီးတည်းနဲ့ပေါင်းပြန်လိုက်ဒီကားသော့ငါ့ကိုပေး"

"ဒါမဲ့CEO"

"မပြောနဲ့တော့ကားသော့သာပေးကုမ္ပဏီကစီစဥ်ထားတဲ့ဟိုတယ် ဘိုကင်လည်းဖြတ်ခိုင်းလိုက်ငါကွန်ဒိုမှာသွားနေမှာကျန့်လေးလာ"

"ဟုတ်ကဲ့ဝမ်ကော"

ရိပေါ်တစ်ယောက်ခရီးဆောင်အိတ်တွေကိုနောက်ဖုံးထဲထည့်ကာ

"ကျန့်ကားမောင်းမလားကိုယ်မောင်းရမလား"

"ကျွန်တော်မောင်းမယ်ဝမ်ကောကကျွန်တော့်ကွန်ဒိုကိုမှမသိတာ"

"ဟုတ်ပီလေဒါဆိုလည်းမောင်း"

ကွန်ဒိုသို့ရောက်သော်
"ဝမ်ကောဟိုဘက်မှာကရေချိုးခန်းနဲ့အိမ်သာဒီဘက်မှာကထမင်းစားခန်းနဲ့အခန်းလွတ်နှစ်ခန်းဝရံတာဘက်အစွန်ဆုံးအခန်းကကျွန်တော့်အခန်းပဲ"

"ဪဒါဆိုကောကျန့်ရဲ့မျက်နှာချင်းဆိုင်အခန်းမှာနေလိုက်မယ်"

"ရတယ်လေကောကြိုက်တဲ့အခန်းမှာနေကျွန်တော်နားလိုက်ဦးမယ်ရေခဲသေတ္တာထဲမှာတော့ဘာမှမရှိဘူးကောညစာစားချင်ရင်ညကျမှအပြင်မှာတစ်ခုခုသွားစားကြမယ်"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Donde viven las historias. Descúbrelo ahora