နှင်းဆီပန်းတွေအများကြီးစိုက်ထားတဲ့ခြံဝန်းလှလှလေး။ထိုခြံဝန်းရဲ့အလယ်မှာနေချင့်စဖွယ်ဒီဇိုင်းဆွဲထားတဲ့တစ်ထပ်အိမ်လှလှလေး။
ထိုခြံဝန်းထဲကိုဝင်လာတဲ့နောက်ဆုံးပေါ်ကားလေးတစ်စီး။ထိုကားပေါ်ဝယ်ဂျင်းဘောင်းဘီနဲ့ဂျင်းပြာရောင်တီရှပ်လေးကိုတွဲဖက်ဝတ်ဆင်ထားတဲ့အသက်၂၂နှစ်အရွယ် Dr. လေးနဲ့သူ့ရဲ့မား။ကားလေးကအိမ်ရဲ့ဆင်ဝင်အောက်မှာရပ်လိုက်တာနဲ့အိမ်ထဲကထွက်လာတာကကျန့်မားရဲ့သူငယ်ချင်းဝမ်မား။
"အဲ ကျန့်လေးတို့ရောက်လာကြပီလား"
ကျန့်ကျန့်တစ်ယောက်ကျန့်လေးဆိုတဲ့စကားကြောင့်အင်တင်တင်ဖြစ်သွားသောလည်းမားကတော့အပြုံးမပျက်။
"မေရိရေကိုယ်လည်းပါတယ်နော်သားကိုပဲမြင်တယ်သားရှင်ကိုမမြင်ဘူးပေါ့"
"ဪယွိရှင်းရယ်မြင်ပါတယ်သားလေးကအမေတူသားလေးဆိုတော့ချောလို့လေသားလေးနည်းနည်းစိမ်းနေမှာစိုးလို့လေ"
"အော်ကောင်းပါပီနောက်လည်းလာရမှာဆိုတော့မစိမ်းလောက်ပါဘူး"
"ကိုယ်တွေပဲအိမ်ပေါက်ဝမှာစကားကောင်းနေလိုက်တာကျန့်လေးပျင်းနေရောပေါ့လာကျန့်လေးလာ"
"ဟုတ်ကဲ့အန်တီ"
"ကျန့်လေးကလည်းဘာကိုအန်တီလဲမားလို့ခေါ်"
"ဗျာ"ကျန့်ကျန့်တစ်ယောက်ကြောင်ပီလေခုမှတွေ့တာကိုမားလို့ခေါ်တဲ့။မားကိုကြည့်တော့လည်းပြုံးပြုံးကြီးတစ်ခွန်းမှဝင်မပြောတဲ့အပြင်အဖက်တောင်မလုပ်ဟိုလိုလိုဒီလိုလိုနဲ့အိမ်ထဲဝင်သွားသည်လေ။မတတ်နိုင်ဘူးခေါ်ဆိုတော့လည်းခေါ်ရမှာပ။စိတ်ရှုပ်ရှုပ်နဲ့ပင်
"ဟုတ်ကဲ့ဝမ်မား"
"အေးသားလေးလာအိမ်ထဲလာသားကတော့ကုမ္ပဏီမှာလေCEOဆိုတော့အမြဲနောက်ကျတတ်တယ်ကျန့်လေးကတော့သားထက်နှစ်နှစ်လောက်ငယ်မယ်ထင်တယ်သားအကိုကိုတော့ဒီနေ့စောစောပြန်လာလို့မှာထားတယ်"
"ဟုတ်ကဲ့ဝမ်မား"
"သားလေးကစကားနည်းတယ်နော်ယွိရှင်း"
VOCÊ ESTÁ LENDO
နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )
RomanceBJYX Fanfiction! Written by Author-May Type - Especially Romance, Fantasy, Comedy Yizhan 💚 Both Zawji & Unicode