(အပိုင်း၇)

4.8K 358 7
                                    

ညစာထမင်းဝိုင်းတွင်
ဝမ်မားတစ်ယောက်သားနှစ်ယောက်ကိုကြည့်ကာအကဲခတ်နေတယ်။တစ်ယောက်ကတော့ထမင်းကိုပဲငုံ့စားကာရှက်နေတဲ့မျက်နှာလေးနဲ့။တစ်ယောက်ကတော့ပြုံးဖြီးဖြီးနဲ့။တိတ်ဆိတ်မှုကိုဝမ်မားကပဲဖြိုခွင်းလိုက်တယ်။

"သားကျန့်ဟင်းထည့်စားလေနေမကောင်းဘူးလားမျက်နှာလေးကရဲလို့"

"မဟုတ်ပါဘူးဝမ်မားကျွန်တော်ကျန့်ချန်နဲ့အလုပ်ကိစ္စပြောဖို့ ☕️Cafeဆိုင်မှာချိန်းထားလို့သွားနှင့်မယ်နော်ဝမ်ကောကျွန်တော့်ကိုကားခဏငှားပေးလို့ရလားမကြာပါဘူး7နာရီလောက်ပြန်လာခဲ့မယ်"

"ဪရပါတယ်သားကျန့်ရဲ့သားအကိုကိုလိုက်ပို့ခိုင်းလိုက်ပါလားသူလည်းကုမ္ပဏီကိုသွားရအုံးမယ်တဲ့"
(ဝမ်မားကတော့ရိပေါ်ကိုလိုက်ပို့လိုက်ဆိုတဲ့သဘောနဲ့မျက်စပစ်ပြတယ်)
ရိပေါ်လည်းသူ့မားရဲ့ဇာတ်မှာဝင်ကလိုက်ရတော့တယ်။

"ဟုတ်တယ်ကျန့်လေးကောလည်းကုမ္ပဏီမှာစာရွက်စာတမ်းတွေသွားယူရမှာမလို့"

"ဪဟုတ်ကဲ့"

ရှောင်းကျန့်စိတ်ထဲမှာတော့ငါရှက်လို့ရှောင်ပါမယ်ဆိုတည့်တည့်လာတိုးနေတယ်။စိတ်ညစ်တာဆိုပီးတွေးနေလေရဲ့။နောက်ဆုံးဘယ်သူမှမသိအောင်သက်ပြင်းကိုတိတ်တိတ်လေးခိုးချလိုက်တယ်။

"ဟင်းးးး"

"သားကျန့်ပီးပီလား"

"ဟုတ်ပီးပီမား"

"အေးအေးဒါဆိုလည်းသွားတော့မိုးမချုပ်စေနဲ့နော်သား"

"ဟုတ်ကဲ့ဝမ်မား"

ဝမ်ကောကားထုတ်ပီးလာတော့ကျန့်ကျန့်ကားပေါ်ကိုတက်လိုက်သည်။driver seatဘေးမှာဝင်ထိုင်ပီးတွေတွေလေးငေးနေမိသည်။ရုတ်တရက်သူ့ရှေ့ရောက်လာတဲ့ဝမ်ကောမျက်နှာကြောင့်လန့်သွားမိသည်။သူ့ခါးကိုမထိတထိလေးထိသွားတဲ့ဝမ်ကောလက်ကြောင့်သူ့ကိုယ်လေးတုန်သွားရသည်။

"လန့်သွားလားကျန့်ကိုယ်ကခါးပတ်ပတ်ဖို့ပြောမို့ပဲကျန့်လေးကငေးနေလို့အတွေးမပြတ်အောင်ကိုယ်ပဲပတ်ပေးလိုက်တာလန့်သွားလား"

နှလုံးသားရဲ့အနီးဆုံးမှာ{ COMPLETED )Onde histórias criam vida. Descubra agora