❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 2 ] ••••••••••••••ဒီကောင်လေးကို ဇာတ်လမ်းရှည်တစ်ခုလိုပင် သူနှစ်ညဆက်တိုက်အိပ်မက် မက်နေရသည်ကိုး...
!ဟူးးးးဘာတွေလဲကွာ...!
ရေထသောက်လိုက်ရင်း...မျက်လုံးက သာပွဲပေါ်မှ စာအုပ်လေးဆီ...
"ဟင်...အဟွတ်...အဟွတ်...ဒ ဒါ...ဘယ်လိုဖြစ်တာလဲ."
အဖုံးစလေး ပြဲနေသော စာအုပ်လေးက ပဟေဠိများစွာဖြင့် သူ့ကိုကြည့်နေသယောင်...
စားပွဲတင်နာရီလေးက မနက်သုံးနာရီခွဲသို့ ညွှန်ပြနေသည်။"ဝယ်လာတာ အကောင်းကြီးလေ...😯 ခုဘယ်လိုဖြစ်တာလဲ.."
စားပွဲခုံပေါ်မှ စာအုပ်လေးကိုကြည့်ရင်း အံ့သြမှုချည်းသာ ခံစားနေရသည်။..!ဘာလဲ...ဘယ်တုန်းက ပြဲသွားတာလဲ...အယ် တကယ်ကြီးပဲ!
စိတ်ထဲ ထူးဆန်းစွာဖြင့်ပင် စဥ်းစားရင်း ခေါင်းရှုပ်လာသည်။ အိပ်ယာမှယောင်ယမ်းထလာပြီး ကိုယ့်ဘာသာဆွဲဖြဲ မိသည်ဟုတွေးရအောင်လည်း သူ့မှာ ထိုကဲ့သို့သော အကျင့်များမရှိပြန်ပေ...တွေးရင်းသာ မိုးလင်းရတော့သဖြင့်..
ရေမိုးချိုး၍ ရုံးသို့သာလာခဲ့လိုက်သည်။.."Hello သာ့ကျဟောင် ကျွန်တော်ရှောင်းကျန့်ပါ...လူစုံရင် သင်တန်းလေးစလိုက်ပါတော့မယ်..."
"လူစုံပါပြီ..."
စီမံကိန်းထဲတွင် ပါဝင်သည့် ဝန်ထမ်းများအား...သင်တန်းပေးရမည်ဖြစ်၍ သူပြင်ဆင်ထားသော power point များအား ပရိုဂျက်တာ ထိုးကာပြသပြီးနောက်...ရှင်းလင်းကာ..
တစ်နေကုန် အချိန်ကုန်ရသည်။ ကြားထဲ နားချိန်လေးတွင်တော့ အိပ်မက်အကြောင်းတစ်စွန်းတစ်စခေါင်းထဲရောက်ရပြန်သည်။
.................................(ဘေကျင်း ဆေးရုံ)
"ဆရာဘာထူးလဲဟင်.."
"ထူးထူးခြားခြား တော့မမြင်သေးဘူးဗျ.."
"ညဘက်ဆို လှုပ်ရှားတာနည်းနည်းရှိတယ်ဆရာ...တစ်ချက်ချက် ပြုံးသလိုမျိုး.."
"ဟုတ်လား... သူရဲ့ဦးနှောက်ကအလုပ်မလုပ်ပေးမယ့် ကျန်တဲ့ခံစားမှုအပိုင်းမှာ တစ်ခုခုရှိနေတယ်ထင်တယ်..."