❣ 5 ❣

1K 98 0
                                    

❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 5 ] ••••••••••••••
#Unicode #Zawgyi

"ဆရာ...ဆရာရှောင်း.."

"ဗျာ ကလေး...အဲ"

"ဟာဗျာ ဆရာရှောင်း ဘယ်က ကလေးကိုယောင်နေတာလဲ ဟားဟား "

"အာ မဟုတ်ပါဘူး.. "

တစ်နေကုန်အလွဲလွဲအချော်ချော်ဖြင့် တစ်ရုံးလုံးက သတိထားမိရသည်အထိ အိပ်မက်ကောင်လေးသာ သူ့စိတ်ကိုစိုးမိုးထားပြန်သည်။

: ဝမ်လေးရာ...ပြင်ပကမ္ဘာမှာသာ ရှိနေရင်... ဒါကျွန်တော့ချစ်သူပါလို့ လက်ဆွဲပြီး ကြွားလိုက်ချင်ပါဘိကွာ...
ချစ်လိုက်တာ ကလေးရာ...:

ရုံးဆင်းတယ်...ညစာစား အိမ်ပြန် ညဘက်အိပ်ရင် ကလေးနဲ့တွေ့...ဒီလိုပဲလည်ပတ်နေပြီး...တစ်လလောက်ကြာလာချိန်မှာတော့... ရှောင်းကျန့် ဖြစ်နိုင်ရင် အိပ်ချည်းသာ နေချင်စိတ်ပေါက်နေရသည်။...သူ့ချစ်သူလေးက သူအိပ်မှသာ ဆုံခွင့်ရနိုင်သည်ကိုး...ရှောင်းကျန့်အိပ်မက်ကိုပင် စွဲလမ်းနေမိရသည်။

တစ်နေ့တွင်...

"ဆရာရှောင်းရေ.. နက်ဖြန် ပိတ်ရက်ရှည်တယ်ဗျ..hiking (တောင်တက်ခြင်း) သွားကျမလို့ လိုက်ဦးမလား.."

"အာ..ဆရာထျန် ကျွန်တော်..."

"မငြင်းပါနဲ့ဗျ တခြား အဖွဲ့တွေလည်းပါမှာ လိုက်ခဲ့ပါ..."

"ဟုတ်ကဲ့ပါ လိုက်ခဲ့မယ်...ဘယ်ချိန်ထွက်မှာလဲ... "

"မနက်လေးနာရီစထွက်မယ်ဗျ..ကျွန်တော်တို့တောင်ခြေထိ ကားစီစဥ်ထားပါတယ် မနက်ကို ကျွန်တော်လာကြိုလိုက်ပါ့မယ်.."

"ဟုတ်ကဲ့ပါဆရာ ကျွန်တော်ပြင်ဆင်ထားလိုက်ပါ့မယ်.."

လိုက်မယ်သာ ပြောလိုက်သော်လည်း ရှောင်းကျန့် လန့်နေသည်။ ဟိုတစ်ခါ ေဘကျင်းခဏသွားချိန် ဝမ်လေးကိုသူမတွေ့ရဘူးမို့ ခုလည်း ဘယ်လိုမှန်းမသိ...

...........................

"ဟောဟဲ ဟောဟဲ... ဆရာရှောင်း မောနေပြီလား..."

"ဟားးးးမမောပါဘူး ဆရာရယ်...ဟဲ"

"အေးဗျာ ခန္ဓာကိုယ်တွေက အဆီကပ်နေပြီဗျ hiking မလုပ်တာကြာတော့ တော်တော်မောနေပြီ"

❣အချစ်က အိပ်မက်မှာ ❣ (Completed)Where stories live. Discover now