❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 12 ] ••••••••••••••
#Unicode #Zawgyi"ပြွတ်..ကလေး ကိုကိုသွားပြီနော်.."
"ကိုကို..."
"ဟင်.."
"ချစ်တယ်လို့...ကိုကို့ကို အရမ်းကိုပဲ ချစ်တယ်လို့.."
"အင်း...ကိုကိုလည်း ဝမ်လေးကို အရမ်းချစ်တယ်..."
ရှောင်းကျန့် Taxi တစ်စီးငှားကာ ကျန်းချန်ပို့ပေးသော လိပ်စာအတိုင်းလာခဲ့လိုက်သည်..။
ကျောင်းရှေ့တွင် အသင့်စောင့်နေသော ကျန်းချန်နှင့်တွေ့ကာ ကျန်းချန်၏ ဦးဆောင်မှုဖြင့်ပင်...စုံစမ်းရေးအဖွဲ့ဆီသို့..ဦးတည်ကာ...တန်း၍သွားလိုက်ကျသည်။..
..............................(ကျောင်းရုံးခန်းတွင်...)
"ဆရာ နိဟောင်...ကျွန်တော် ရှောင်းကျန့်ပါ.."
"ဟုတ်ကဲ့ နိဟောင် ကျွန်တော်ကတော့ နျဲ့မင်ကြွယ်ပါ ပါမောက္ခချုပ်ပါ...မနေ့က ကျန်းချန်ပြောထားလို့ အကြမ်းဖျင်းတော့ သိပါပြီ..စုံစမ်းရေးအဖွဲ့မှာ ပါဝင်တဲ့ဆရာများနဲ့ တခြားတာဝန်ယူနေတဲ့သူတွေကိုလည်းခေါ်ထားပါတယ်.."
"ဟုတ်ကဲ့ပါဆရာ အလုပ်ရှုပ်စေမိပြီထင်ပါတယ်..."
"ရပါတယ်ဗျာ...ဝမ်ရိပေါ်က ကျွန်တော်တို့ကျောင်းရဲ့ အားထားရတဲ့ကျောင်းသားတစ်ယောက်ပါ သူဒီလိုဖြစ်တာကိုလည်း စိတ်မကောင်းပါဘူး.."
ပြောနေတုန်းပင် စုံစမ်းရေးအတွက် ဖွဲ့ထားသော ဆရာဆရာမများ..တခြားဌာနဆိုင်ရာမှတာဝန်ယူထားသူများ..အသီးသီးရောက်လာတော့သည်။
လူစုံသည်နှင့် ဆွေးနွေးမှုများ စတင်ခဲ့တော့သည်။...ဆရာ၁.."Mr Xiao ကျွန်တော်တို့ သိထားရသလောက်က ကားက စက်ပိုင်းဆိုင်ရာကို စစ်ဆေးရေးသေချာလုပ်ထားပါတယ်...ပြီးတော့ မသက်ာစရာ လူနှစ်ယောက်ကားနားမှာ ရစ်သီရစ်သီ လုပ်ခဲ့တယ်ဆိုတာကိုလည်း..ကျွန်တော်တို့သိထားရပါတယ်.."
XZ. ."ဟုတ်လား ဘယ်သူတွေဆိုတာကို စုံစမ်းလို့ရခဲ့ပါလား ဗျ"
Police. ."ကျွန်တော်တို့စုံစမ်းရသလောက်က.. အဲ့လူတွေက လူမိုက်ဂိုဏ်းတစ်ခုကပဲဗျ..ဂိုဏ်းပျက်တစ်ခုမို့ ခုနောက်ပိုင်း သိပ်မလှုပ်ရှားပဲ နေနေတယ်လို့သိထားရတယ်..စုံစမ်းနေတုန်းပါပဲဗျ.."