❣ 20 ❣

1.1K 93 0
                                    

❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 20 ] ••••••••••••••
#Unicode #Zawgyi

ကလစ်...

"ဟော သားတို့နှစ်ယောက်လုံးနိုးပြီလား...သားကျန့်ချက်ချင်းထလို့ဘယ်ရမလဲ..ပါးနဲ့ သားဝမ်က သားကျန့်ကိုတွဲပေးလိုက် ကိုယ်လက်သန့်စင်ရအောင် မားဒီမှာ ဆန်ပြုတ်လေးပြုတ်ထားတယ်..ပြီးရင် သားဝမ်က ကျွေးပေးနော်..ဒီမှာဆေးတွေ ပတ်တီးလဲပေးရအောင်လို့.."

"ဟုတ်မား...လာကိုကို "

ဝမ်ပါးနှင့် ဝမ်လေးတစ်ဖက်စီမှတွဲကာ ရေချိုးခန်းသို့ ရှောင်းကျန့်အား ပို့ခြင်း...ဆန်ပြုတ်ခွံပေးခြင်းဖြင့်...ရှောင်းကျန့် ဒဏ်ရာကနာနေသော်လည်း...
ကြင်နာမှုများကြောင့် မျက်ရည်ပင်ဝိုင်းနေမိသည်...
သူ့ဘဝတွင် ဖခင်တစ်ဦး၏မေတ္တာ မိခင်တစ်ဦး၏ ကြင်နာမှုများ ဝေးခဲ့သည်မှာ ကြာပြီဖြစ်လေသည်...

မနက်စာစားသောက်ပြီးချိန် အဖျားအရှင်းမပျောက်သေးသော ရှောင်းကျန့်ပြန်လည် အိပ်မောကျသွားပြန်သည်...

ထိုအချိန်တွင် ကျန်းချန်ရောက်လာကာ..ကျောင်းပိတ်ရက်ဖြစ်သဖြင့်..ကျောင်းသွားစရာမလိုသောကြောင့် ခြံထဲရှိ ဒန်းငယ်လေးတွင်ပင် စကားပြောမိကျသည်...
ရိပေါ်လည်း ခုထိမရှင်းလင်းသည်များကိုမေးမိရသည်...

"ကျန်းချန်...မင်းကကိုကိုနဲ့ ဘယ်လိုဆက်စပ်မိတာလဲ"

"အင်း ပြောရရင် အရှည်ကြီး..ကော ချုံချင့်ကိုပြန်မသွားခင်ကတည်းကစတာ..

(ကောက ဝမ်လေးအတွက်လှုပ်ရှားမှုလေးတွေပါ.. 😁😁အများကြီးပြန်မရေးတော့ဘူးနော် ဝမ်လေးပဲမသိတာမလား ကျန်းချန်နဲ့ ဒါဒါလေးတို့က သိပြီးသားလေနော်)

အဲ့လိုဆိုတော့ မင်းမသိအောင် ကောကအနားမှာ အမြဲရှိနေတာ..အဲ့ညကလည်း..
မျက်နှာဖုံးတပ်ထားပြီး မင်းဖမ်းမိသွားတာက လုပ်ကြံတဲ့လူမဟုတ်ဘူး အဲ့ဒါက ရှောင်းကျန့်ကော"

"ဟုတ်လား အဲ့ညက ငါကကိုကို့ကို လုပ်ကြံတဲ့သူမှတ်လို့ ဆွဲပြီး မျက်နှာဖုံးချွတ်ဖို့လုပ်လိုက်မိသေးတယ် "

"အေး.. အဲ့အချိန်မှာကောက ဒဏ်ရာရထားပြီးပြီ မင်းကဇောနဲ့မို့သတိမထားမိဘူး...ငါလည်းအစကသတိမထားမိဘူး.. ကောကို မနေ့မနက်က မတွေ့လို့ စိတ်ထဲလည်း မသင်ကာတာနဲ့ ကောအခန်းကိုလိုက်မှာ..မင်းကအုတ်နံရံနဲ့ ဖိကပ်လိုက်ယုံနဲ့ ကော နာကျင်သလို မျက်မှောင်အတွန့်ချိုးသွားတာ ဒဏ်ရာကြောင့်ဆိုတာနားလည်သွားတာ "

❣အချစ်က အိပ်မက်မှာ ❣ (Completed)Where stories live. Discover now