❣ 17 ❣

1K 85 0
                                    

❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 17 ] ••••••••••••••
#Unicode #Zawgyi

"Mr Xiao.... Mr Xiao ထနိုင်ရဲ့လား..."

"အားး..ဟုတ်ရပါတယ်...ရင်ဘက်တောင်အောင့်သွားတယ်ဗျာ..."

ရင်ဘက်လေးအား ပွတ်သပ်ကာ ရှောင်းကျန့်ပြန်ထလာပြီးနောက်....
တစ်ချို့agent များမှာ လီကျန်းကို ဆက်လက်ရှာဖွေရန် ကျန်နေခဲ့ရပြီး တစ်ချို့ဖြင့် Burqin မြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ကျသည်...

ကားပေါ်တွင်...

"Mr Xiao ဘေကျင်းကို တန်းပြန်မှာလား..Burqin မှာနားဦးမှာလား "

"တန်းပြန်မယ်ဆရာ...ကျွန်တော် ဘေကျင်းမှာ ကိစ္စလေးနည်းနည်းရှိလို့...".

"အော် ဟုတ်ကဲ့ ရင်ဘက်ကလည်း ကျည်ကာပါပေမယ့် နည်းနည်းတော့ ထိသွားမှာပေါ့..ဆေးလေးဘာလေးလိမ်းဦးနော်.."

"ဟုတ်ကဲ့ပါဆရာ...ကျေးဇူးပါပဲ.. ဟို...လီကျန်းကို ဘယ်လိုလုပ်မလဲ ဆရာ သူကအဓိကပဲနော်.."

"ဟုတ် ကျွန်တော်တို့ ဆက်လုပ်ရမှာပေါ့ Mr Xiao လည်းပင်ပန်းသွားပါပြီ...တစ်တောက်လျှောက်လုံးလိုက်ပေးနေရတာ..အရမ်းလည်းစိတ်မပူပါနဲ့ ကျန်နေခဲ့တဲ့ လူတွေက တကယ့်ကို Skill ပြည့်ဝတဲ့သူတွေပါ.."

"ဟုတ်ကဲ့ပါ ဆရာ.. "

ရှောင်းကျန့် ဘေကျင်းသို့အမြန်ပြန်ရန်သာ စိတ်စောနေသည်...ဝမ်လေးကိုလည်းလွမ်းလှပြီဖြစ်ကာ...လီကျန်းလွတ်မြောက်သွားသဖြင့်...ဝမ်ချောင်နှင့်ပေါင်းကာ ဝမ်လေးအား ထပ်မံလုပ်ကြံမည်ကိုကြောက်နေရသည်ပင်...

တိုက်ရိုက်လေယာဥ်မရှိသောကြောင့် Burqin မှ Yumen သို့ ကားလမ်းဖြင့် တစ်ဆင့်လာပြီးမှသာ...Yumen မှ ဘေကျင်းသို့ လေယာဥ်ဖြင့်လာခဲ့ရသည်...
တစ်ရက်ကျော်ကြာ အချိန်ယူမှသာ ဘေကျင်းသို့ပြန်ရောက်သည်...ကြားတွင်နားချိန်မယူပဲ ကားပေါ်မှဆင်းသည်နှင့် လေဆိပ်သို့တန်းလာခဲ့သည်ပင်...

(ဘေကျင်းလေဆိပ်...)

: ဝှား...ရောက်ပြီ.. မှောင်တောင်မှောင်တော့မယ်..ရေချိုးပြီးတာနဲ့ ဝမ်လေးကိုအရင်သွားတွေ့ရမယ်..လွမ်းလိုက်တာ ဝမ်လေးရာ..:

❣အချစ်က အိပ်မက်မှာ ❣ (Completed)Where stories live. Discover now