❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 6 ] ••••••••••••••
#Unicode #Zawgyi"ဝမ်လေးးးးးး💥💥"
ရှောင်းကျန့် အိပ်မက်အပြင်မှာပါ...ကျယ်လောင်စွာ အော်ခေါ်ရင်းနိုးလာမိသည်။
:ဟာ...အိပ်မက်ကတမျိုးကြီးပဲ...ဝမ်လေးတစ်ခုခုများဖြစ်တာလား..:
မည်သို့ပင် လက်တွေ့ဆန်ဆန်တွေးခေါ်ကာ မေးမည်ဟု ကြံရွယ်သော်လည်း တကယ့်အိပ်မက်ထဲတွင်...ရှောင်းကျန့်မေးခွန်းများပျောက်ဆုံးသွားတတ်ပြန်သည်။
ထိုနေ့က တစ်နေကုန်ပင် ရှောင်းကျန့်စိတ်လေးနေရသည်။.နေ့လည်ပိုင်းထိ တောင်ပေါ်တွင်နေရင်းမှ..တောင်ခြေဆင်းလာခဲ့လိုက်ကျသည်။
အိမ်သို့ ရောက်ရောက်ချင်းပင်...
📱ဒီးးးးး📱"ဝဲလ် ဆရာရှီးချန်"
"ဟုတ် ဆရာရှောင်း ဖုန်းပြောလို့ရလားဗျာ"
"ဟုတ်ကဲ့ ရပါတယ်ဗျာ.."
"ကျွန်တော် အကူအညီတစ်ခုတောင်းချင်လို့ပါ "
"ဟုတ်ကဲ့ ပြောပါဗျ ကျွန်တော်ကူညီလို့ရသလောက်ကို ကူညီပါမယ်"
"ဒီလိုပါ ဘေကျင်းက ဘေးစီမံရုံးက ဦးစီးမှုးနဲ့ ကျွန်တော် ဗုဒ္ဓဟူးနေ့ကို ချိန်းထားမိတယ်ဗျာ...စီမံကိန်းအသစ်တစ်ခုအတွက် စကားပြောဖို့ပါ...
ဒါပေမယ့်လေ ခုပဲကျွန်တော့အမျိုးသမီးက မီးဖွားတော့ ကျွန်တော်မသွားနိုင်တော့လို့ပါ...စီမံကိန်းအသစ်နဲ့ပက်သက်တဲ့ အချက်အလက်လေးတွေပို့ဖို့နဲ့ အစည်းအဝေးအတွက် ရက်ချိန်းလေးရချင်တာ ""ဟုတ်ကဲ့ ဒါဆို..."
"ဟုတ် ဆရာရှောင်းသွားပေးလို့ ရမလားလို့ပါ "
"အာ..ရပါတယ် ဟုတ်...ကျွန်တော်သွားပေးပါမယ်..."
"ဒါဆို...ကျွန်တော် စီမံကိန်းအချက်အလက်တွေကို Email ပို့ထားပေးပါမယ်...ကျေးဇူးပါဗျ "
"ဟုတ်ကဲ့ ရပါတယ် ဆရာရှီးချန်..."
ဖုန်းချသွားသောလည်း ရှောင်းကျန့် ယောင်ယမ်းကာ ဖုန်းကိုကိုင်ထားမိနေတုန်းပင်...
ညကအိပ်မက်ကြောင့် စိတ်ကမကြည်လင်သေးပါ...
ဘေကျင်းကိုရောက်ရင် ဝမ်လေးနဲ့ထပ်မတွေ့ရဖို့ဖြစ်လာမှာလည်း စိုးရိမ်နေမိသည်။