❣ 4 ❣

1.1K 109 0
                                    

❣❣ အချစ်က အိပ်မက်မှာ ❣❣
#Unicode #Zawgyi

•••••••••••••[ 4 ] ••••••••••••••

"ဟုတ်အစ်ကို...ကျွန်တော့်ကို ပျော်အောင်ပေးမယ့် အဖြေလို့မျှော်လင့်မယ်နော်..."

"ဟင်...အင်းအင်း...အေးပါကွာ ညီရာ"

"တကယ်လို့လေ အစ်ကိုက ကျွန်တော့အချစ်ကို လက်ခံမယ်ဆိုရင် ကျွန်တော်က အစ်ကို့ကို ကိုကိုလို့ခေါ်မယ်...ကိုကိုက ကျွန်တော့်ကို ကလေး ဒါမှမဟုတ် ဝမ်လေး အဲ့လိုခေါ်နော်.."

"အင်းပါ ဝမ်လေးရာ"

"ဟာ တကယ်နော် ကိုကို "

"အင်းပါ..."

"ဟားးးးပျော်လိုက်တာ ကိုကိုရာ"

"အမ်...အဲ မင်း...တော်တော်လည်ပါ့လား ဟားဟား"

"ဟားဟား ကိုကိုရှက်သွားပြီ..".

"မရှက်ပါဘူး...မင့်ပေါက်ကရ"

ရက်အနည်းငယ်မတွေ့ရ၍ လွမ်းနေရာမှ ပြန်တွေ့ရသဖြင့် ဝမ်းသာအယ်လဲဖြစ်နေချိန်မှ ကောက်ကာ ချစ်စကားပြောလာသဖြင့် ရင်ခုန်မိရကာ အလွဲလွဲအမှားမှားဖြင့် ရှောင်းကျန့်ပါ...

နားရွက်နောက်နားလေးသို့ ကုတ်ကာ မျက်နှာတစ်ခုလုံးနီစွေး၍ ခေါင်းကို ငုံ့ကာရယ်နေသော ရှောင်းကျန့်၏ မျက်နှာကို ရိပေါ် အတင်းငုံ့ကာလိုက်ကြည့်ရင်း စနောက်မိသည်။
ပုခုံးနှစ်ဖက်ကိုကိုင်ကာ မျက်နှာကိုအတင်းလိုက်ကြည့်ကာ စနေသော ရိပေါ်ကို မျက်နှာမပြဝံ့အောင်ရှက်နေရင်းမှ...
ရုတ်တရက် သူ့ပါးကို ခြေဖျားထောက်၍ လှမ်းနမ်းလိုက်သော ရိပေါ်ကြောင့် ရှောင်းကျန့်ပါးပြင် နွေးခနဲ...

"အာ...ဒီကလေး..."

ရှောင်းကျန့်နိုးလာရသည်။ သို့သော် ပါးပြင်လေးက ပူနွေးနေတုန်းပင်...ရှက်ရွံမှုဖြင့် ပြုံးလိုက်ရင်း အိပ်ရာမှထကာ..
: ဟင်း...ကလေးဆိုးလေးပဲ ကိုကို ခုထိရှက်နေတုန်းပဲကွ ဝမ်ဆိုးလေးရ:
ကိုယ့်ပါးပြင်လေးကိုယ် အုပ်ကိုင်လိုက်ရင်း...ရှက်ပြုံးလေးပြုံးမိသွားရသည်။
ရေမိုးချိုး နာရီကြည့်တော့ မနက်ကိုးနာရီကျော်ပြီ...စနေဖြစ်၍ နှိုးစက်ပေးမထားသဖြင့်သာ သူဒီအချိန်ထိ အိပ်ပျော်သွားရမိသည်။

❣အချစ်က အိပ်မက်မှာ ❣ (Completed)Where stories live. Discover now