❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 15 ] ••••••••••••••"ကျစ်...ရှောင်းကျန့် ခင်ဗျားတော်လိုက်တော့...ဒီလောက်ထိပြောပေးနေတာတောင် ကျွန်တော့ဘက်က သည်းခံပေးထားလို့..ဒါပဲဗျာ...ကျွန်တော့ကိုယ် ကျွန်တော် ထိခိုက်အောင် လုပ်ခြင်းမလုပ်ခြင်းက ကျွန်တော့အပိုင်း...ခင်ဗျား ဘာတစ်ခွန်းမှ ပြောနေစရာ ကတိတောင်းနေစရာမလိုဘူး...ဒါပဲ ဖုန်းထပ်မဆက်နဲ့..
ခင်ဗျားကို တူးခါးနေအောင်မုန်းလွန်းလို့..ခင်ဗျား ေ-ာက်သံကိုမကြားချင်ဘူး..
ဒါနောက်ဆုံးဖုန်းဆက်တာ ဖြစ်.ပါ.စေ..""ဝမ်လေး...ဝမ်လေး...တူ...တူ..."
: ဝမ်လေးဘာတွေပြောသွားတာလဲ.. ဘာကဖောက်ပြန်တာလဲ..ဒါပေမယ့်:
"မုန်းလက်စနဲ့ မုန်းသာမုန်းပါတော့ ကလေးရာ..."
ရှောင်းကျန့်ဖုန်းကိုကိုင်ထားရင်းပင်..ငိုမိရသည်။..:ဝမ်လေးက တကယ်မုန်းသွားပြီ..:
ရှောင်းကျန့်နားလည်ထားသည်မှာ...ရိပေါ်သည် တောက်ပနေပြီးသော ကြယ်လေးတစ်ပွင့်ဖြစ်သည်..ထိုပြင် မုမုနှင့်လည်း နှစ်ဖက်မိဘများသိထားပြီးဖြစ်၍ အချိန်တန်လက်ထပ်ကျမည့်သူတွေ...
မုမုသည်လည်း ရိပေါ်ကို အသက်တမျှချစ်သည်ကို မြင်ရချိန်...သူ့ကြောင့်တစ်စုံတစ်ယောက်ထိခိုက်နာကျင်မည်ကို သူစိတ်ပူမိသည်။ဝမ်လေးသည်လည်း ငယ်ရွယ်သူမို့ မုမုနှင့်သာ လိုက်ဖက်ကာ...သူနှင့်ဇာတ်လမ်းသည်လည်း ခဏသာ ထင်ယောင်ထင်မှား စိတ်ကစားခြင်းဖြစ်မည်မို့...အချိန်တစ်ခုအကြာတွင်...ပြီးဆုံးသွားမည့် ခံစားချက်တစ်ခုသာ..ဖြစ်မည်။
ဝမ်လေးအနားက အန္တရာယ်များကို သူဖယ်ရှားပေးပြီးချိန်...ဝမ်လေးနှင့်မုမု ပေါင်းဖက်သွားပြီဆိုလျှင် သူသည်..ဝမ်လေး၏ဝေးရာတွင်သာ တစ်ယောက်တည်း ရှင်သန်တော့မည် ဖြစ်သည်...နောက်ထပ်မည်သူ့ကိုမှ နှလုံးသားက လက်ခံနိုင်တော့မည် မဟုတ်တာ သေချာသည်လေ...(ဆရာရှောင်းရဲ့ ဘဝအကြောင်းကိုတော့ ခုထိမထည့်ရသေးပါဘူး..နောက်မှတစ်ဖြည်းဖြည်းထည့်သွားပါ့မယ်ဗျ)
...............................ရိပေါ်သည်လည်း ပြောချင်ရာပြောကာ ဖုန်းချလိုက်ချိန်ထိ ရင်ထဲနာကျင်နေရသည်..
သူပြောချင်တာက ကိုကို့ ကိုဝမ်လေးဘယ်လောက်ချစ်ကြောင်း ဘယ်လောက်လွမ်းနေကြောင်း...ကိုကို့အနားက ကောင်လေးကို မကြိုက်ကြောင်း..ကိုကို့အပြုံးတွေက ဝမ်လေးတစ်ယောက်အတွက်သာ ဖြစ်ကြောင်း...ကိုကို့နေရာမှာ မည်သူနှင့်မှ အစားထိုးလို့မရကြောင်း..စသည်ဖြင့်သာ..