❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 8 ] ••••••••••••••
#Unicode #Zawgyi"အင်...အင်း....ဟင့်"
"ဝမ်လေး...ဝမ်လေး...နိုးလာတာလား.."
အနည်းငယ်လှုပ်ခက်သွားသော လက်ကလေးနှင့် ညည်းသံလေးကြောင့် သတိဖြင့် အိပ်နေသော ရှောင်းကျန့်နိုးလာရသည်။
မျက်တောင်စိပ်စိပ်လေးများ အနည်းငယ်လှုပ်ခက်ကာ... ညည်းသံသဲ့သဲ့လေးဖြင့် သူ့ဝမ်လေး...လှုပ်ရှားမှုယဲ့ယဲ့လေးဖြစ်နေသဖြင့်...ရှောင်းကျန့်ဝမ်းသာမှုအတိုင်းအဆမဲ့စွာ ဖြစ်ရသည်...
အချိန်က ညတစ်နာရီခွဲခန့်...
Alarm ကိုနှိပ်လိုက်ရာ ဆရာဝန်များ nurse များ အပြေးရောက်လာကာ စစ်ဆေးမှုများပြုလုပ်ကျတော့သည်။"လူနာအခြေအနေကတိုးတတ်လာတယ်ဗျ..ခုနောက်ပိုင်း တော်တော်ဟုတ်လာတယ် "
"ဟုတ်ကဲ့ဆရာ ဒါဆို ဝမ်လေးသတိရတော့ မလားဟင်..."
"အင်းးးအဲ့ဒါတော့ မပြောနိုင်သေးဘူးဗျ..ဒါပေမယ့် ကျွန်တော်ထင်တာမမှားရင် သိပ်မကြာတော့ပါဘူး လူနာပြန်သတိရလာတော့မှာပါ "
"ဟုတ် ကျေးဇူးတင်ပါတယ်ဗျာ"
"ဒါနဲ့ လူနာနဲ့ဘယ်လိုပက်သက်တာလဲဗျ ဟို..အစကမတွေ့ပဲ ခုအပတ်အတွင်းမှ တွေ့ရလို့ပါ "
"အဲ..."
ရှောင်းကျန့်မည်သို့ရှင်းပြရမှန်းမသိပေ...
စိတ်ရှိတိုင်းဆို ကျွန်တော်က ဝမ်လေးချစ်သူပါလို့ ပြောလိုက်ချင်သည်။ သို့သော်..မုမုဆိုသော မိန်းကလေးက ဝမ်လေး၏ချစ်သူဟုသာ ဝမ်လေးအသိုင်းအဝိုင်းက သိထားသည်လေ.."အဲ... သူငယ်ချင်းတွေပါဆရာ ဟုတ်"
"အော် ဟုတ်ပါပြီ ခင်ဗျား သူငယ်ချင်းကို စကားများများပြောပေးနော်...စိတ်ကိုတတ်ကြွစေတဲ့ စကားတွေများများပြောပေး..ဟုတ်ပြီလား စောနက အာရုံကြောတွေလှုပ်ခက်မှုနဲ့ သူ့ရဲ့နိုးထလာချင်စိတ်ကြောင့် ဖြစ်လာတာပါ...တော်တော်ကြီးကိုတိုးတတ်လာတာဗျ...ဟုတ်ပလား...ကျွန်တော်တို့ကို ခွင့်ပြုပါဦးခင်ဗျာ "
"ဟုတ်ကဲ့ဆရာ ကျေးဇူးအများကြီးတင်ပါတယ်..."
ဆရာဝန်နှင့် nurse များထွက်သွားချိန်မှ ပျော်ရွှင်မှုနဲ့ ရှောင်းကျန့် ဝမ်လေးနားသို့ ကပ်သွားမိကာ...
YOU ARE READING
❣အချစ်က အိပ်မက်မှာ ❣ (Completed)
Fiksi Penggemarအိပ်မက်ထဲမှာ စတင်ခဲ့သော ချစ်ခြင်း 💚❤