❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 14 ] ••••••••••••••
#Unicode #Zawgyi"ဟင်...ကိုကိုက..ဟင့် ကိုကိုက ဟင့်"
: ဟက်...လက်စသတ်တော့ ကိုကို ခင်ဗျားက အပြင်လောကမှာလည်း ချစ်သူရှိပြီးသားကိုး...ဒါကြောင့်လည်း ကျွန်တော့်ဆီက အသည်းအသန်ထွက်ပြေးပြီးတော့ ဒီမှာ...ဒီမှာ...ဟားးးးကိုကိုရာ လုပ်ရက်လိုက်တာ..:
"မုန်းပြီကိုကို...ကျွန်တော် ဒီလောက်ချစ်တာတောင် ကိုကို ကျွန်တော့ကိုထားခဲ့ပြီး ကိုကို့ချစ်သူနဲ့ပျော်နေနိုင်တယ်ပေါ့..."
မိုးနှင့်ရောနေသော မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း ရိပေါ်ရင်ထဲ ခါးသီးနေမိသည်။..
ကောင်လေးတစ်ယောက်၏ ရင်ခွင်ထဲရောက်နေသည့် သူချစ်သော ကိုကိုသည်လည်း ခုချိန်မှာ.. မုန်းတီးလွန်းလှသည့်..လှည့်စားတတ်သော လူသားတစ်ယောက်သာ ဖြစ်သည်။
.................................(ဘေကျင်း...)
💫💫 Dark Night (Club & Bar)💫💫
"အစ်ကို...ဟင့် အစ်ကိုက ဒီလိုပဲ ထားခဲ့တာပေါ့...ဟင့်...အစိမ်းလိုက်ကြီး အစ်ကိုရာ...အစိမ်းလိုက်ကြီးကို မုမုရင်ကိုခွဲသွားတာ..."
မုမုတစ်ယောက်တည်း သောက်ရင်းငိုမိနေသည်။...ကျောင်းစာတွေလည်း ကရုမစိုက်မိ...သူမအတွက်ရိပေါ်၏ လမ်းခွဲခဲ့မှုသည်.. မခံစားနိုင်စရာပင် ...
"အော...ဘယ်သူများလဲလို့ မုမုကိုး..ဟစ်..ကြားပါတယ်..ဝမ်ရိပေါ်က နောက်တစ်ယောက်တွဲသွားလို့ဆို..."
"ဟင်..ဝမ်ချောင်...နင်ဝေးဝေးသွားနေစမ်းပါ..ငါတစ်ယောက်တည်းနေချင်တယ်..နင်မျက်နှာကိုလည်း မမြင်ချင်ဘူး"
"နင်က ခုထိအဲ့ကောင်ကို မျှော်နေတုန်းလား..ငါသတင်းရပြီးပါပြီ ဝမ်ရိပေါ်က ဟိုကောင် သူ့ဘဲရှိတဲ့မြို့တောင်လိုက်သွားပြီ.."
"ဟင်..တကယ်လား.."
"အင်းပေါ့.. မယုံရင်နင်စုံစမ်းကြည့်လေ.."
"ဟင့် မဖြစ်ဘူး... ငါလိုက်သွားမယ်.."
မူးနေသဖြင့် ယိုင်ထိုးယိုင်ထိုးဖြစ်ကာ..မုမုစိတ်ထဲတွင် ဖြစ်နိုင်မဖြစ်နိုင်မသိ သူမ ရိပေါ်ကိုမြင်ရရန်..ရိပေါ်နောက်လိုက်ရန်သာ စဥ်းစားပြီး... Club အပြင်ဘက်သို့ ထွက်လာခဲ့သည်။..
ကားပါကင်နားတွင်..သူမကားကို ရှာနေသည်..မြင်ကွင်းအားလုံး တစ်ရိပ်ရိပ်လည်နေရာ သူမကားကိုရှာမတွေ့..