❣ 7 ❣

1K 100 1
                                    

❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 7 ] ••••••••••••••
#Unicode #Zawgyi

"ဝမ်...ဝမ်ရိပေါ်.....ဟုတ်လားဆရာရှီးချန်..."

"ဟုတ်...ဟုတ်ကဲ့ ဆရာရှောင်း ဘာဖြစ်လို့လဲဗျာ..."

"မဟုတ်ပါဘူး...ကျွန်တော်အခုပဲလာခဲ့ပါပြီ"

ရှောင်းကျန့် သူ့နားသူပင် မယုံနိုင်...သူ့အိပ်မက်ကောင်လေးဖြင့် နာမည်တူကာ အသက်ပါတူနေပြန်သည်။
ခြေလှမ်းများက ကောင်တာမှ ပြောလိုက်သော အခန်းနံပါတ်တစ်ခုဆီ...
ရင်ခုန်ခြင်း စိတ်လှုပ်ရှားခြင်း...စိတ်ပူခြင်းများရောပြွန်းနေကာ...

ရှီးချန်အခန်းအပြင်သို့ထွက်ကာ ကြိုနေချိန် ရှောင်းကျန့်အပြေးတပိုင်းရောက်လာပုံကိုကြည့်ကာ အံ့သြနေမိသည်။

"ဆရာ...ဆရာရှီးချန် ရိပေါ်..ရိပေါ်ရော.."

"ရှိပါတယ်...ခဏလေး...အထဲမှာ ဆရာဝန်တွေနဲ့ ရှုပ်နေတယ်.."

ခုမှပင် အခန်းဝမှ နာမည်ကဒ်ပြားလေးမှ ဝမ်ရိပေါ်ဟူသော စာတန်းလေးကို ရှောင်းကျန့်မြင်ရသည်။
အခန်းတွင်း၌ ယောက်ယက်ခက်နေသည်ကို တခါးမှန်​ပေါက်လေးမှ လှမ်းကြည့်ရင်း မှန်လေးမှတစ်ဆင့် ကုတင်ပေါ်တွင်လဲနေကာ နှလုံးနှိုးနေရသော ကောင်လေး၏မျက်နှာကိုမြင်ချိန်တွင်...ရှောင်းကျန့်ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ရသည်။
သူညတိုင်းအိပ်မက်မှာဆုံကာ ပျော်ရွှင်ခဲ့ရသော သူ၏ချစ်သူ ဝမ်လေး..မှန်မှတစ်ဆင့်မြင်နေရသော ဝမ်လေး၏မျက်နှာကို မှန်း၍တို့ထိကာ..

"ကလေး...ဝမ်လေး...ထပါတော့နော်...ကိုကိုရောက်နေပြီ ဝမ်လေးနားရောက်နေပြီ ထပါနော်....ဟင့်"

အပူမီးဝိုင်းနေသလို စကားတွေတတွတ်တွတ်ဆိုရင်း...မျက်ရည်များစီးကျနေသော ရှောင်းကျန့်ကို ရှီးချန် အံ့သြသလိုကြည့်နေမိသည်။
ဘယ်တုန်းက သူ့ညီနှင့်သိသွားတာလဲ...
ဘယ်တုန်းက ဒီလောက်ထိ ရင်းနှီးသွားတာလဲ သူလိုက်မမှီ...
သူ့အတွေးမဆုံးမှီတွင်... ရိပေါ်သူငယ်ချင်း ကျန်းချန်တို့သူငယ်ချင်းတစ်စု အပြေးအလွှားရောက်လာပြန်သည်။..
အထဲသို့ စိတ်ပူစွာတစ်ချက်လှမ်းကြည့်ရင်း...

❣အချစ်က အိပ်မက်မှာ ❣ (Completed)Where stories live. Discover now