❣ 19 ❣

1.1K 100 0
                                    

❣❣ အချစ်က အိပ်မက်မှာ ❣❣
•••••••••••••[ 19 ] ••••••••••••••
#Unicode #Zawgyi

"ရိပေါ် ခုငါပို့တဲ့ လိပ်စာအတိုင်းလာခဲ့ မြန်မြန်လာခဲ့နော်..ဒီမှာ အဲ့..အင်းကိစ္စရှိတယ်.."

ရိပေါ်ကို ဖုန်းဆက်နေစဥ်ပင်..ရှောင်းကျန့်မှာ ကျန်းချန်၏ လက်ကိုလှမ်းဆွဲရင်း မျက်လုံးဖြင့်တားနေသည်... မရသဖြင့် အားယူကာ နှုတ်ခမ်းကပါထွက်ကျသည့်..စိုးရိမ်နေသော စကားများက...

"ကျန်း~ချန် ..ဝမ်လေးကို မခေါ်ပါနဲ့..အ.."

"ကော ဒါဆို..ဆေးရုံသွားရမယ်..နော် ကော"

"ဟင့်အင်း..မသွားဘူး.. "

"ဒါဆို ရိပေါ်လာမှာကိုမတားနဲ့တော့ "

"အင်း...ဟင်းးး ကျန်းချန်..ဝမ်လေးကိုမခေါ်ပါနဲ့.. ကော...အင်း..."

"ဟား စကားတောင်ဆက်အောင်မပြောနိုင်ပဲနဲ့ကောရာ.."

ပြောနေရင်း ပြန်မှိန်းသွားပြန်သော ရှောင်းကျန့်ကြောင့် ကျန်းချန်ရိပေါ်ကို ထပ်မံဖုန်းဆက်လိုက်သည်...

"ရိပေါ် မင်းမြန်မြန်မလာသေးဘူးလား..."

"လာနေတယ်ဟ... ဘာလို့အသည်းအသန်ခေါ်နေတာလဲ ကားမောင်းနေတာဟ "

"အေးပါ..ဖြည်းဖြည်းလည်းလာဦး...သတိထားလာခဲ့..ဖြစ်နိုင်ရင် ပတ်တီး..အနာကျတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေး ပါဝယ်လာခဲ့ပေး.."

"အေးအေး...ဘာတွေဖြစ်နေတာလဲကွာ"

"အင်း မင်းသာလာခဲ့ပါ ဒီရောက်ရင် မင်းသိရမှာပေါ့.."

ကျန်းချန်တစ်ယောက် ရိပေါ်ကိုစောင့်ရင်း ရှောင်းကျန့်အား အဝတ်အစားလဲခြင်း ရေပတ်ဝတ်တိုက်​ပေးခြင်းဖြင့် ကိုယ်ပူကျအောင်လုပ်ပေးနေမိသည်..

ကလစ်...

"အေး ကျန်းချန် ဒီမှာမင်းမှာတဲ့ဆေးတွေ..ဘာတွေဖြစ်နေတာလဲ "

"အင်း...ရောက်ပြီလား"

"ဒါဘယ်သူ့အခန်းလဲ...ကျဥ်းလိုက်တာကွာ...မှောင်နေသလိုပဲ"

အပြင်မှဝင်လာသည့်မို့ ပိုမိုမှောင်မိုက်နေ​သယောင် ပြတင်းပိတ်ထားသော အခန်းကျဥ်းလေးကို ရိပေါ်မကြိုက်သလို နှာခေါင်းရှုံ့မိလိုက်သည်...

❣အချစ်က အိပ်မက်မှာ ❣ (Completed)Where stories live. Discover now