"ဖေဖေ ပန်းတွေက သနားဖို့ကောင်းတယ်နော်"
"ဟမ် ဘာလို့ သနားဖို့ကောင်းရတာလဲ"
နံ့သာဖြူပင်တွေနဲ့ မနီးမဝေးမှာ ရှိသည့် စံပယ်ပန်းခြံထဲတွင် ကလေးတစ်ဦးက ဖခင်ဖြစ်သူ၏ လက်ကို ဆွဲ၍ တီတီတာတာ စကားဆိုသည်။
"တစ်ခါ အဖူးဖူးဖို့လည်း အကြာကြီး စောင့်ရတယ်၊ ပွင့်ဖို့လည်း စောင့်ရတယ်၊ သူတို့ပွင့်လာတော့ မေမေက ခူးလိုက်၊ လိပ်ပြာတို့ ပျားတို့က ၀တ်ရည်လာစုပ်လိုက်နဲ့ သနားဖို့ ကောင်းတာပေါ့"
"ဟားဟား ငါ့သားက တယ်လည်း နှလုံးသား နုတာကိုးကွ၊ သားကို အဖေမေးမယ်၊ သားလည်း ထမင်းစားနေတာပဲ စပါးပင်တွေကို မသနားဘူးလား"
"ဟမ်"
"လောကမှာ တစ်စုံတစ်ဦး ကောင်းစားဖို့ တစ်စုံတစ်ဦးကတော့ အနစ်နာခံရမြဲပဲ၊ သား ပန်းတွေကို သနားရင် စပါးပင်တွေကိုလည်း သနားရမယ်၊ သား ထမင်းမစားရင်တော့ အသက်မရှင်နိုင်တော့ဘူး"
"ဒါဆို သား ထမင်းမစားတော့ဘူးလေ"
"ဒါဆို သားက ဘာစားမှာလဲ"
"အင်း"
ကလေးငယ်က အတန်ကြာအောင် တွေးတောနေပြီးနောက်မှာတော့ အမှန်တရားကို လက်ခံသွားသည်။ လောကမှာ တစ်စုံတစ်ဦး ကောင်းစားဖို့ဆို တစ်ဦးဦးကတော့ အနစ်နာခံရမြဲပဲ။ ဒါ သဘာ၀က သတ်မှတ်ထားပြီးသား စည်းတစ်ခုပဲဖြစ်သည်။
အခန်းပြတင်းပေါက်မှ တစ်ဆင့် ညှော်နံ့ကို ရှူရှိုက်ရသည်။ မီးခိုးငွေ့တွေက ပတ်၀န်းကျင်ကို ပို၍ပင် မည်းမှောင်နေစေတော့သည်။ သူက အခုအရွယ် ရောက်နေပြီးသား လူငယ်တစ်ယောက် ဖြစ်နေခဲ့ပြီ။
သူအိပ်ရာပေါ်က ပြေးဆင်းလာခဲ့သည်။ စိုးရိမ်စိတ်ဖြင့် တုန်လှုပ်နေခဲ့ရသည်။ မိဘများ အိပ်စက်သည့် အိပ်ခန်းသို့ အပြေးအလွှားရောက်ခဲ့ပေမယ့် သူမြင်တွေ့ရသည်က အိမ်အောက်ထပ်တစ်ခုလုံး ကြမ်းပြင်ပေါ်မှာ မီးကြီးစွာ တောက်လောင်နေသည်ကိုပဲ ဖြစ်သည်။
မီးခိုးငွေ့တွေကြောင့် သူအသက်ရှူ မ၀တော့ပေမယ့် မိဘတွေ၏ အိပ်ခန်းက သူ့လက်တစ်ကမ်း အလိုမှာပဲ ရှိတော့သည်။
ESTÁS LEYENDO
4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)
RomanceTwin story