"ခင်များမှာ ချစ်သူရှိလား"
ညနေစောင်း၏ နေလုံးနီနီကို ငေးကြည့်ရင်း ရသလင်းက မေးလိုက်သည်ကို နေသူရိန်မင်းက အသာပြုံး၍ ခေါင်းခါသည်။
"ငါ သိပ်ချစ်တဲ့ လူတစ်ယောက်တော့ ရှိတယ်၊ ဒါပေမယ့် သူက ဘယ်တော့မှ ငါ့ကို ချစ်လာမှာ မဟုတ်ဘူး"
နေသူရိန်၏ ခပ်ဆွေးဆွေး အပြောကို ရသလင်းက ခြောက်ကပ်ကပ် ရယ်သည်။ သူ့အဖြစ်ကလည်း အတူတူပဲလေ။
"ခင်များက ဖွင့်မပြောဘူးလား"
"မပြောပဲ နေမလားကွ၊ အချိန်ရတိုင်း ပြောတာပဲ၊ သူ့မှ ပြန်မကြိုက်နိုင်တာ၊ စိတ်ရှုပ်မှာ စိုးလို့ နောက်ပိုင်း မပြောဖြစ်တော့ဘူး"
နေသူရိန်၏ ပထမဆုံးအကြိမ် ရင်ဖွင့်လာမှုကို သူ့ဘက်က တိတ်ဆိတ်မှုနှင့်သာ နှစ်သိမ့်နိုင်သည်။ အခုနောက်ပိုင်း သူ နေသူရိန်နှင့် အတူရှိရခြင်းကို နှစ်သက်လာသည်။
"သူမရှိတော့ရင် ကျွန်တော့်ကို အစားထိုးလို့ ရတယ်နော် bro"
ရသလင်းက ရုပ်တည်ကြီးဖြင့် စနောက်မှုကို ကြားတော့ နေသူရိန်က ရယ်လေတော့သည်။
"မင်းက ယောင်္ကျားချင်း စိတ်၀င်စားလို့လား"
"ဒါပေါ့ ကျွန်တော်က ချောရင် လှရင် အကုန်လုံးကို စိတ်၀င်စားတယ်"
"ဟားဟား တွေးကြည့်စမ်း၊ မင်းနဲ့ငါသာ ရည်းစားတွေ ဖြစ်ရင် ကမ္ဘာကြီး ဇောက်ထိုးဖြစ်သွားလိမ့်မယ်"
"ဟုတ်တယ်နော်၊ အတိုင်အဖောက်လည်း မညီ၊ တည့်လည်းမတည့်နဲ့၊ သေချာတာတော့ ခင်များကို ကျွန်တော်မကြိုက်ပါဘူး"
"ငါလည်း မင်းကို ကြိုက်နေလို့လား"
"ဟေး စကားပြောနေတာ အကောင်းကို ခင်များ အရင်ရန်စကား ပြောတာနော်"
"ဪ ဖြစ်ရတယ်၊ အစားထိုးဖို့ အရင်ပြောတာ ဘယ်သူလဲ"
"လူကြီးဖြစ်ပြီး အပေါက်ဆိုးလိုက်တာ"
"မင်းကရော မဆိုးလို့လား"
သူတို့နှစ်ယောက် စကားနိုင်လုလို့ ပြီးသွားချိန်မှာတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောဖြစ်ကြသည်။ ရသလင်းမှာ အခုဆို ညစာစားပေမယ့် အဖော်ရှိနေပြီဖြစ်သလို နေသူရိန်မင်းအတွက်လည်း ခေါက်ဆွဲဘူးတွေချည်း အဖော်ပြုစရာ မလိုတော့ဘူး။

KAMU SEDANG MEMBACA
4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)
RomansaTwin story