အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် အတွင်းထဲမှ ဆေးလိပ်နံ့ကို ရှူရှိုက်ရသည်။ ဒီဆေးလိပ်နံ့က သူယဉ်ပါးနေပေမယ့် မနှစ်မြို့ဆုံး ဆေးလိပ်နံ့ပဲ။ သူ့အိမ်ထဲကို ပိုင်စိုးပိုင်နင်း ရောက်နေသူက သူမတွေ့ချင်လို့ အမြဲရှောင်နေသည့်သူ။
"မတွေ့တာကြာပြီ my son"
ပြတ်သားသည့် အသံတွင် အနည်းငယ်ရောယှက်နေသည့် လှောင်ရယ်သံအချို့။ မျက်ခုံးတွေကို တွန့်ချိုးလိုက်ရင်း အရက်ကြောင့် အနည်းငယ် မူးချင်နေသည့် ခေါင်းကို ကြည်အောင် ထားလိုက်ရသည်။ သူရှေ့မှာ မြင်နေရသည့် ကုတ်အင်္ကျီအနက်ရောင်နှင့် တောက်ပြောင်သည့် လူကြီးက လောကက သတ်မှတ်ပေးတဲ့ သူ့အဖေ။
"အဖေကိုတောင် မနှုတ်ဆက်တော့ဘူးလား၊ မင်းလာမတွေ့လို့ အဖေလာတွေ့တာလေ၊ မကြိုဆိုဘူးလား"
ရိတ်သင်စရာပင် မလိုသော ပါးသိုင်းမွှေးပါးပါး တို့အထက်က နှုတ်ခမ်းတစ်စုံက အနည်းငယ် တွန့်ချိုးလာပြီး ခပ်ဟဟ ရယ်သံတစ်ခု ထွက်လာသည်။
"ကြိုဆိုရမယ် ဟုတ်လား၊ ခက်တာပဲ ကျွန်တော့်အိမ်မှာ ဧည့်ခံစရာ ဘာမှ ရှိမနေဘူး အ..ဖေ"
အဖေဆိုသည့် စကားလုံးကို တစ်လုံးချင်းဖိ ပြောရင်း အခန်းထဲကို ၀င်ဖို့ ပြင်လိုက်သည်။ အနောက်ကနေ သူ့နာမည်ကို လှမ်းခေါ်သံကို ကြားလိုက်ရသည်။
"နေသူရိန်"
ပခုံးလှုပ်ရုံတစ်ချက် ပြ၍ သူလှည့်မကြည့်ဘဲ ပြောလာမည့် စကားကို နားထောင်နေလိုက်သည်။
"အဂ္ဂလင်းဆိုတဲ့ ကောင်လေးနဲ့ အတော် ခင်တဲ့ပုံပဲနော်"
နေသူရိန်၏ မျက်၀န်းအိမ်တို့ ကျဉ်းမြောင်းသွားရသည်။ အဂ္ဂလင်းကို ဘာကြောင့် မေးရတာလဲ။
"သူက အခုလောလောဆယ် ငါ့လမ်းမှာ အကြီးကြီး ပိတ်နေတာ မင်းသိလား"
"ဟင်း သူက နာမည်ကြီး အဆိုတော် တစ်ယောက်ပါပဲ၊ ဘာကြောင့်များ လမ်းပိတ်နေရမှာလဲ၊ ခင်များ ရှင်းချင်အလွယ်လေးပါ"
"သူ့ကို ရှင်းရတာကတော့ ငါ့လက်တစ်ဖက် ဝှေ့ရုံနဲ့ ရတယ်၊ ငါလိုချင်တာ သူ့နောက်ကွယ်က လူ"
ВИ ЧИТАЄТЕ
4. Bow To Eros (အချစ်နတ်ဘုရားထံဦးညွတ်ခြင်း)(အခ်စ္နတ္ဘုရားထံ ဦးညွတ်ခြင်း)
РомантикаTwin story