(Unicode)
(Facebookမှာcompleteဖြစ်ပြီးသားလေးပြန်upထားတာပါ)(ရိဘိုနေရာမှာရိပေါ်လို့ပြင်ဖတ်ပေးပါနော်)
ကလင်! လကင်! ကလင်!
ကုတင်ဘေးစားပွဲခုံပေါ်က နှိုးဆက်နာရီလေးဟာ ခါတိုင်းမနက်ခင်းတွေအတိုင်းသူ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်လို့။ရိဘိုနှိုးစက်နာရီလေးရဲ့အော်မြည်နေမှုကြောင့်နိုးလာတယ်။အိပ်ရာကမထသေးဘဲလက်ကလေးတစ်ဖက်နဲ့နှိုးဆက်နာရီလေးကိုလှမ်းပိတ်လိုက်တယ်။ပြီးတော့စားပွဲပေါ်ကမှန်ဘောင်ခတ်ထားတဲ့ဓာတ်ပုံသေးသေးလေးတခုကိုယူပြီးကြည့်မိတော့ မျက်ဝန်းအိမ်ကမျက်ရည်ကြည်လေးတွေနေရာယူလာတယ်။
"ပါး မား သားအဆင်ပြေတာမို့အေးအေးချမ်းချမ်းအနားယူကြနော်"
ရိဘိုပြောပြီးဓာတ်ပုံလေးကိုစားပွဲပေါ်ပြန်ထောင်ထားလိုက်တယ်။မျက်ဝန်းအိမ်ကမျက်ရည်ကြည်လေးတွေကိုလက်ဖမိုးနဲ့ပွတ်သုတ်ကာသက်ပြင်းရှည်ကြီးတစ်ချက်ချမိတယ်။ပါးနဲ့မားကိုအဆင်ပြေတယ်လို့သာပြောတာတကယ်တမ်းတော့ရိဘိုလုံးဝအဆင်မပြေပါ။ပါးနဲ့မားဆုံးသွားပြီးကတည်းကဦးလေးနဲ့အဒေါ်ဖြစ်သူကရိဘိုကိုသားအရင်းအမည်ခံပြီးပိုင်ဆိုင်မှုတွေကိုလက်ဝါးကြီးအုပ်ထားတာ။ပတ်ဝန်းကျင်ကတော့သူ့ကိုရွှေပေါ်မြတင်သူဠေးသားလေးပိုးမွေးသလိုမွေးထားတာလို့မြင်ကြမှာဧကန်။ဘာလို့ဆိုဦးလေးနဲ့အဒေါ်ဖြစ်သူကအများအမြင်မှာမိဘပီသစွာသူ့ကိုဖူးဖူးမှုတ်ထားကြလို့လေ။တကယ်တမ်းရိဘိုမှာနေ့စဥ်ရက်ဆက်ဦးလေးနဲ့အဒေါ်ဖြစ်သူရဲ့ဖိနှိပ်ဆက်ဆံတာကိုလည်စင်းခံနေရတာ။
ရိဘိုအတွေးစကိုဖြတ်ကာအမြန်ပဲအိပ်ရာကထလိုက်ပြီးရေချိုးခန်းထဲဝင်သွားလိုက်တယ်။သူ့ရဲ့မနှစ်မြို့ဖွယ်တနေ့တာကိုဖြတ်သန်းရဦးမည်လေ။ရိဘိုမျက်နှစ်သစ်သွားတိုက်တကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီးတော့အခန်းထဲကအမြန်ထွက်လာလိုက်တယ်။မီးဖိုဆောင်ထဲဝင်ကာမနက်စာပြင်ပြီးဦးလေးနဲ့အဒေါ်မနိုးခင်အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားလိုက်တယ်။ကြမ်းခင်းတွေဖုတ်စုပ်စရာရှိတာဖုန်စုပ်စက်နဲ့စုပ်ပြီးအပေါ်ထပ်တက်လိုက်အောက်ဆင်းလိုက်နဲ့ရိဘိုရဲ့အိမ်သန့်ရှင်းရေးအမှုကမနက်ခြောက်နာရီလောက်မှာပြီးသွားတယ်။အိမ်အတွင်းမှာပြီးတော့အိမ်အပြင်ထွက်ပြီးပန်းပင်တွေရေလောင်းသစ်ရွက်ခြောက်တွေလှဲစရာရှိတာလှဲပြီးခြံသန့်ရှင်းရေးလုပ်တယ်။အကုန်ပြီး ေတာ့ကားရေဆေးခြင်းအလုပ်ကိုခပ်သွပ်သွပ်ပဲလုပ်လိုက်ပြီးနာရီကြည့်မိတော့ ခုနနာရီထိုးဖို့ငါးမိနစ်သာလိုတော့သည်။နှဖူးကချွေးတွေကိုလက်ဖမိုးနဲ့သုတ်လိုက်ပြီး
YOU ARE READING
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]