(Unicode)
"ကိုကို...အဆင်ပြေရဲ့လား...သက်သာရဲ့လား ကျွန်တော်လာခဲ့ရ...."
"ရိဘို နေ နေ.... ရေချိုးခန်းထဲဝင်မလာနဲ့နော်...ချော်လဲမယ်...အဲ့မှာပဲထိုင်နေ ကိုကိုအဆင်ပြေတယ်...အော့..."
ရှောင်းကျန့်ကစကားတောင်ဆုံးအောင်မပြောနိုင်ရှာရိဘိုကိုရေချိုးခန်းထဲဝင်မလာဖို့လက်တကာကာနဲ့တားရင်းဘေစဥ်မှာထိုးအန်လေတော့သည်။ရှောင်းကျန့်ကသာနေ့တိုင်းအော့လိုက်အန်လိုက်မစားနိုင်မသောက်နိုင်နဲ့လူမမာလို့ဖြစ်နေပေမဲ့ရိဘိုတစ်ယောက်ကတော့တစ်နေ့တစ်နေ့အစားနဲ့ပါးစပ်နဲ့ပြတ်တယ်လို့ကိုမရှိ။
"ဟင်း...ဒုက္ခပါပဲကိုကိုရယ်...ကျွန်တော်ယွီပင်းကိုဆရာဝန်ပင့်ခိုင်းလိုက်မယ်နော်..."
ရိဘိုကပြောပြီးလက်ထဲကမုန့်ထုပ်နဲ့သစ်သီးပန်းကန်ကိုစားပွဲပေါ်ချကာ ယွီပင်းစီဖုန်းလှမ်းဆက်လိုက်တယ်။ရှောင်းကျန့်အန်ရလွန်းလို့လူကအားမရှိမျော့မျော့သာကျန့်တော့သည်။ရှောင်းကျန့်ဘေစဥ်မှာပါးလုပ်ကျင်းကာရေချိုးခန်းတံခါးကိုအားပြုလို့အခန်းထဲပန်ဝင်လာတော့ရိဘိုကsofaပေါ်မှာထိုဂ်နေရာကနေသူ့စီလျှောက်လာကာလက်မောင်းကနေလာတွဲပေးတယ်။
"ကိုကို...ဘယ်လိုနေသေးလဲဟင်...လာကျွန်တော်အားပြုပြီးလျှောက်...ကုတင်ပေါ်မှာအိပ်လိုက်နော်..."
"အင်း....ရိဘို ကိုကိုမရတော့ဘူး...."
ရိဘိုရှောင်းကျန့်ကိုကုတင်ပေါ်တွဲတင်ပေးလိုက်ပြီးသက်တောင့်သက်သာလှဲစေကာရှောင်းကျန့်နှဖူးပေါ်ကချွေးတွေကိုလက်ကိုင်ပဝါလေးနဲ့အသာသုတ်ပေးနေမိတယ်။
"ကိုကို...ဘာတွေစားမိလို့ ဒီလောက်တောင်အန်နေရတာလဲ...ကျွန်တော်ကိုကို့ကိုကြည့်ရတာမသက်သာလိုက်တာ..."
"မသိပါဘူးရိဘိုရာ...ကိုကိုလည်းဒီရက်ပိုင်းဘာမှစားချက်စိတ်မရှိလို့ထမင်းတောက်နပ်မှန်အောင်စားဖြစ်တာမဟုတ်ဘူး...ရိဘိုသိတဲ့အတိုင်းပဲ..."
ဟုတ်တော့လည်းဟုတ်သည်။ကိုကိုကရိဘိုပိစိလေးကိုယ်ဝန်စဆောင်ထဲကအအိပ်ပျက်အစားပျက်နဲ့မသိရင်ကိုယ်ဝန်ဆောင်တဲ့သူကရိဘိုမဟုတ်ဘဲကိုကိုဖြစ်နေသလို။ရိဘိုရှောင်းကျန့်နားထက်ဆက်ကချွေးစေးတွေကိုသုတ်ပေးတော့ရှောင်းကျန့်ရိဘိုလက်ကလေးကိုစုပ်ကိုင်ကာသူ့ပါးမှာအပ်လို့မှိန်းနေလိုက်တယ်။
YOU ARE READING
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]