Part-7

5.1K 405 0
                                    

(Unicode)

ရှောင်းကျန့်ရိဘိုကိုစိုးရိမ်ကိုစိုးရိမ်ကာအမြန်ပဲစတိုခန်းတံခါးကိုတွန်းဖွင်ကာဝင်သွားလိုက်တော့တခန်းလုံးမှောက်မဲလို့ရိဘိုကိုလည်းမတွေရ။သူခုမှသတိရတယ်စတိုခန်းမီးခလုတ်ကအပြင်ဘက်မှာမို့သူထွက်သွားကတည်းကမှောင်နေတာဖြစ်မယ်။စောနကဒေါသစိတ်ကြောင့်လူကထူပူနေတာနဲ့မီးဖွင့်ထားလားတောင်သတိမထားလိုက်မိဘူး။ရှောင်းကျန့်အမြန်ပဲအခန်းပြင်ပြန်ထွက်ပြီးနံရံကမီးခလုတ်ကိုနှိပ်လိုက်တယ်။အခန်းမီးလင်းလာတာနဲ့ရှောင်းကျန့်အခန်းထဲဝင်ပြီးရိဘိုကိုရှာမိတယ်။

"ရိဘို.....ရိဘို.....ဟင်!..."

ရှောင်းကျန့်တွေ့လိုက်ပါပြီ။ရိဘိုကပစ္စည်းဟောင်းတွေပုံထားတဲ့နံရံရဲ့ညာဘက်ထောင့်မှာဒူးနှစ်ဖက်ကိုဖက်ပြီးနံရံထဲနစ်ဝင်တော့မယောင်တိုးကပ်ပြီးကျုံ့ကျုံ့လေးထိုင်နေလေရဲ့။ရှောင်းကျန့်ရိဘိုနားသွားလိုက်ပြီးရိဘိုပုခုံးကိုကိုင်ကာလှုပ်နှိုးမိတယ်။

"ရိဘို...ရိဘို...ထစမ်း..ရိဘိုငါခေါ်နေတယ်လေ...ရိဘို...ဟာ!...ရိဘို"

သူလှုပ်နှိုးတော့ရိဘိုကမျက်နှာကိုဒူးနှစ်ဖက်ကြားဝှက်ထားပြီးထိုင်နေရာကနေတကိုယ်လုံးရော့ရဲလာကာတစ်ဖက်ကိုလဲကျတော့မလိုဖြစ်တော့ရှောင်းကျန့်အမြန်ပဲရိဘိုကိုယ်လေးကိုလှမ်းထိန်းလိုက်တယ်။ရှောင်းကျန့်ခုမှသူ့ရင်ခွင်ထဲလဲကျလာတဲ့ရိဘိုကိုသေချာကြည့်မိတော့ဖြူနုနေတဲ့လက်နှစ်ဖက်လုံးမှာကုတ်ခြစ်ရာတွေနဲ့ခြေဖဝါးနှစ်ဖက်လုံးမှာလဲဖန်ကွဲစတွေနစ်ဝင်လို့သွေးတွေကခြောက်လုနီးပါးဖြစ်နေပြီးသတိမေ့နေချေပြီ။ရိဘိုပုံစံကြောင့်ရှောင်းကျန့်ရဲ့စိုးရိမ်စိတ်ကဒီဂရီမြင့်တက်လာလေပြီ။ရှောင်းကျန့်ရိဘိုမျက်နှာလေးကိုလှုပ်ရမ်းရင်းနှုတ်ဖျားမှလဲရိဘိုနာမည်ကိုထပ်ခါထပ်ခါခေါ်ကာလှုပ်နှိုးနေမိတယ်။

"ရိဘို...ရိဘို...မင်းဘာမှမဖြစ်ရဘူးနော်...မင်းတခုခုဖြစ်ကြည့်...ငါမင်းကိုအပြစ်ပေးမှာနော်...ရိဘို...ငါပြောတာကြားလား...ရိဘို...ငါပြောနေတယ်လေ...ရိဘို...မျက်လုံးဖွင့်စမ်း...ရိဘို."

Beyond The Hate[Complete]Where stories live. Discover now