Part-23

5.4K 317 1
                                    

(Unicode)

ငှက်ကလေးတွေအိပ်တန်းတက်တဲ့ညနေခင်းအချိန်လေးမှာလောကကိုအလင်းပေးတဲ့နေမင်းကြီးဟာလည်း ပင်လယ်ပြာထဲကိုုုမြုပ်တဝက်ပေါ်တဝက်နှင့်ပုစွန်ဆီရောင်ရစ်သိုင်းလို့ညနေခင်းဆည်းဆာအချိန်ကိုအစွမ်းကုန်ပုံဖော်နေလေရဲ့။ရိဘိုစိတ်သက်သာလိုသက်သာငြားကမ်းခြေကိုတစ်ယောက်တည်းလမ်းလျှောက်ထွက်လာလိုက်တယ်။လူ့ဘဝဟာနေတတ်ရင်ကျေနပ်စရာကြီးလို့တချို့ကပြောကြပေမဲ့ူ့ဘဝကတော့ကိုကို့ရဲ့အနီးမှာရှိနေတော့လည်းနာကျင်ခံစားရသလိုအဝေးမှာနေပြန်တော့လည်းလွမ်းဆွေးခြင်းဝေဒနာကနှိပ်စက်နေပြန်တော့သူ့ဘာသူနေတဲ့လောကကြီးကိုတောင်ဘာမဆိုင်ညာမဆိုင်အပြစ်တင်နေချင်မိတယ်။ကိုကိုပုံမှန်ခေါ်တတ်တဲ့ရိဘို ဆိုတဲ့အသံခပ်ရှရှကိုလွမ်းသလိုစိတ်တိုတဲ့အချိန်ခေါ်တတ်တဲ့ဝမ်ရိဘို ဆိုတဲ့အသံခပ်ပြတ်ပြတ်ကိုလည်းတောင်းတတ်နေပြီ။

"ရိဘို...."

"ဟင်!...အဟက်မဖြစ်နိုင်တာ ရိဘိုရေမင်းတော့ရူးနေပြီ ကိုကိုကမင်းစီဘာအကြောင်းနဲ့များလိုက်လာစရာရှိလို့လဲ...."

ရိဘိုသဲသောင်ပြင်မှာလမ်းလျှောက်နေရင်းကိုကို့ခေါ်သံကြားမိလိုက်တာကြောင့် ခြေလှမ်းတွေရပ်တန့်သွားပြီးမှသူဒီလောက်တောက်အစွဲလမ်းကြီးရလားဆိုပြီး ကိုယ့်ကိုယ်ကိုလှောင်ရယ်လိုက်မိတယ်။

"ရိဘို..."

"ဟင်!...ကိုကို..."

ရိဘိ​ု နောက်တစ်ကြိမ်ကိုကို့ခေါ်သံကိုပြတ်ပြတ်သားသားကြားလိုက်ရတာကြောင့်ထင်ယောင်ထင်မှားဖြစ်တာလားဆိုပြီးမဝံ့မရဲနောက်ကိုလှည့်ကြည့်မိတော့သူသိပ်လွမ်းနေခဲ့ရတဲ့ကိုကိုမှကိုကိုအစစ်။ကိုကိုကသူထွက်လာတောကအချိန်နဲ့မတူတော့ပဲပိန်သွားသလို သူပဲစိတ်ထင်နေတာလားမသိ မျက်နှာကချောင်ကျသွားသလို။ဒါပေမဲ့သူ့အမြင်မှာတော့ရှပ်အပြာရောင်လေးနဲ့ကိုကိုကသူမတူအောင်ခန့်ညားနေတုန်းပဲ။ရိဘိုကြည့်နေတုန်းမှာပဲရှောင်းကျန့်ကသူ့နာမည်ကိုဆွေးဆွေးမြေ့မြေ့ခေါ်ရင်းသူ့စီလျှောက်လာတယ်။

"ရိဘို...ကိုကိုလေ...."

"ဟအင်း...မလာနဲ့...ကျွန်တော့်စီမလာပါနဲ့...ကျွန်တော်ကြောက်လို့ပါ..."

Beyond The Hate[Complete]Where stories live. Discover now