(Unicode)
ရိဘိုအိပ်နေရင်းမျက်နှာပေါ်ကယားကျိယားကျိအထိတွေ့ကြောင့်မျက်လုံးအသာဖွင့်ကြည့်မိတော့နံနက်ခင်းနေရောင်အောက်မှာကိုကိုကသူ့ကိုတောက်တောက်ပပပြုံးပြနေလေရဲ့။ဘယ်ဘက်နှုတ်ခမ်းအောက်မှာမှည့်နက်ရေးရေးလေးကိုပိုင်ဆိုင်ထားတဲ့ကိုကိုကရိဘိုအမြင်မှာသာမကအခြားသူတွေရဲ့အမြင်မှာလဲနတ်သားတပါးလို့ထင်ရလောက်အောင်ခန့်ညားလွန်းတယ်။ရှောင်းကျန့် နိုးနေတာတောင်အိပ်ရာကမထဘဲသူ့ကိုကြောင်ကြည့်နေတဲ့ရိဘိုကြောင့်ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ရိဘိုဆံသားနုနုလေးတွေကိုသပ်ပေးရင်း
"ကိုကို့ကို ဘာတွေအဲ့လောက်တောင်ကြည့်နေတာလဲအိပ်ပုတ်လေး ကြည့်ပါဦး မျက်ခွံလေးတွေမို့အစ်လို့ အိပ်ဦးမလို့လား ကိုကိုဘာယူလာလဲထကြည့်ပါဦး..."
"ဟမ်...ဘာယူလာတာလဲဟင်..."
ရှောင်းကျန့် ပြောမှရိဘိုကစောင်ပုံထဲက ကုန်းရုန်းထပြီးမျက်ခွံမို့မို့တွေကိုလက်နှစ်ဖက်နဲ့ပွတ်သပ်ရင်းအိပ်ချင်မူးတူးထမေးတယ်။ရှောင်းကျန့် မျက်ခွံတွေကိုအတင်းပွတ်သပ်နေတဲ့ရိဘိုလက်နှစ်ဖက်ကိုအသာလှမ်းကိုင်လိုက်ပြီး
"အဲ့လောက်တောင်ပွတ်သပ်မနေနဲ့လေ မျက်လုံးတွေပါနီနေဦးမယ်..."
"အင်း... ကျွန်တော်အိပ်ချင်နေသေးလို့ ခုနကပြောတာကိုကိုဘာယူလာတာလဲဟင်"
"ပြမှာပေါ့...အရင်ဆုံးကိုကို့ကိုအားဆေးလေးကြွေးပါဦးလား..."
"ဟမ်...အားဆေးဆိုတာဘာကို...အင့်...ကိုကိုဘာလုပ်တာလဲ...."
ရှောင်းကျန့် ရိဘိုကိုယ်လေးကိုစောင်နဲ့လုံးထွေးပြီးသူ့ပေါင်ပေါ်ချီတင်လိုက်တယ်။ရိဘိုခေါင်းလေးကိုထိန်းကိုင်လိုက်ပြီးနှုတ်ခမ်းဖူးဖူးလေးကိုသိမ်းပိုက်ဟန်ပြုတော့ရိဘိုကလက်ကလေးတစ်ဖက်နဲ့ပါးစပ်ကိုအုပ်လိုက်ပြီး
"ကိုကို ...ကျွန်တော်သွားမတိုက်ကသေးဘူးလေ..."
"အဟွန့်..."
ရှောင်းကျန့် ရိဘိုပုံစံကြောင့်သဘောတကျပြုံးလိုက်ပြီးရိဘိုခေါင်းလေးကိုသူ့မျက်နှာနားငုပ်ကျစေကာနှဖူးလေးကိုဖိနမ်းလိုက်တယ်။
YOU ARE READING
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]