(Unicode)
ရှောင်းကျန့် ကထမင်းစားခန်းထဲကနေစာကြည့်ခန်းထဲဝင်သွားတယ်။ရိဘိုလည်းကိုကိုထွက်သွားတော့ မနက်စာစားပြီးတကိုယ်လုံးနုံးချည့်နေတာနဲ့အပေါ်ထပ်ပြန်တက်လာလိုက်တယ်။ရိဘိုအိပ်ခန်းထဲရောက်တော့ညကဒဏ်ကြောင့်ကိုယ်လက်တွေကိုက်ခဲနေတာနဲ့အခန်းထဲသောက်စရာဆေးများရှိမလားဆိုပြီးလိုက်ရှာမိတယ်။အခန်းထဲမှာဘာဆေးမှမတွေ့တာနဲ့ရိဘိုဦးလေးယွမ်ကိုရှာဖို့အခန်းပြင်ထွက်လာမိတော့သူတို့အိပ်ခန်းရဲ့မျက်နှာချင်းဆိုင်မှာနောက်ထပ်အခန်းတစ်ခန်းတွေ့လိုက်တယ်။အခန်းတံခါးကလော့မချထားတာနဲ့ရိဘိုလည်းအသာဖွင့်ပြီးဝင်သွားလိုက်တယ်။
အခန်းထဲမှာသူတို့အိပ်ခန်းလိုပဲကုတင်အကြီးကြီးတလုံးနဲ့အလုပ်စားပွဲတစ်ခုရှိတယ်။ရိဘိုလည်းအလုပ်စားပွဲမှာသောက်စရာဆေးများရှိမလားဆိုပြီးအံဆွဲတွေတခုပြီးတခုလိုက်ဖွင့်ကြည့်မိတော့အလုပ်စားပွဲရဲ့အောက်ဆုံးအံဆွဲထဲကတွေ့လိုက်ရတဲ့ဖန်အိမ်လေးကြောင့်အံသြဝမ်းသာခြင်းတွေနဲ့အတူမျက်လုံးအစုံပြူးကျယ်သွားတယ်။ဒါဆိုSean Xiaoက ကိုကို ဟုတယ်ကိုကိုမှကိုကို။
ဒီဖန်အိမ်လေးကကိုကို့မွေးနေ့တုန်းကသူပေးထားတာ။ဒါဆိုကိုကိုကသူ့ကိုမှတ်မိနေတာပေါ့။ကိုကို့မှတ်ဉာဏ်ထဲမှာသူရှိနေတုန်းပဲဆိုတဲ့အသိနဲ့ရိဘိုပျော်လွန်းလို့ဖန်အိမ်လေးကိုကိုင်ထားရင်းမျက်ရည်ကြည်တွေဝဲတက်လာတယ်။ထိုအချိန်ဒုန်း!💢
"ရိဘို....မင်း....."
ခွမ်း!💢
ရိဘိုဖန်အိမ်လေးကိုကိုင်ထားရင်းရပ်နေတုန်းကျယ်ကျယ်လောင်လောင်တံခါးစောင့်ပိတ်သံကြီးနဲ့အတူရှောင်းကျန့်ကဒေါသတကြီးဝင်လာတာကြောင့်လက်ထဲကဖန်အိမ်လေးကိုလန့်ပြီးလွှတ်ချလိုက်မိတယ်။ရိဘိုသူ့ခြေထောက်နားကတစစီဖြစ်သွားတဲ့ဖန်အိမ်လေးကိုကြည့်လိုက်ရှောင်းကျန့်ကိုလှည့်ကြည့်လိုက်နဲ့ခုနကပျော်နေတာတောင်ကြက်ပျောက်ငှက်ပျောက်ပျောက်ပြီးသူ့တကိုယ်လုံးလဲရှောင်းကျန့်ရဲ့ဒေါသဖြစ်နေတဲ့ပုံစံကိုကြည့်ပြီးကြောက်စိတ်တွေဝင်လာကာတုန်ရီနေလေပြီ။
YOU ARE READING
Beyond The Hate[Complete]
FanfictionZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Love born from hate, at love main believes. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and make sure you're ready]