Part-17

4.7K 353 4
                                    

(Unicode)

ရိဘိုနိုးလာတော့ဆေးရုံခန်းလို့ထင်ရတဲ့အဖြူရောင်မျက်နှာကျက်ကဦးစွာဆီးကြိုနေတယ်။ရိဘိုနိုးနိုးချင်းဘေးဘီကိုလည်းမကြည့်ဘဲမျက်နှာကျက်ကိုသာတွေတွေလေးငေးကြည့်နေမိဆဲ။အဟက် ဘာတွေများနာကျင်စရာကျန်သေးလို့ကျွန်တော့်ကိုထွက်သွားခွင့်မပေးရတာလဲ။လောကကြီးကမတရားလိုက်တာ။

"သား...ရိဘို နိုးလာပြီလား ဦးလေးယွမ်လေ ဦးလေးကိုမှတ်မိတယ်မလား..."

"အဟွန့်...ကျွန်တော်တကယ်မသေသေးဘူးပဲ..."

"သားရယ် မကြံကောင်းမစည်ရာ ယွီပင်းတွေ့သွားလို့သာပေါ့ မဟုတ်ရင်မတွေးရဲစရာပဲ..."

"ယွီပင်းလား ကျွန်တော့်ကိုရေကန်ထဲကဆယ်ခဲ့တဲ့သူက."

"အင်းလေ...ရိဘို ဘာဖြစ်လို့လဲ "

"အော်...အင်းပါ ဘာမှမဖြစ်ပါဘူး အဟက်..."

ရိဘိုနောက်ဆုံးချိန်မှာတောင်မျှော်လင့်ထားတဲ့သူမဟုတ်ခဲ့တဲ့အတွက်နှလုံးသားထဲကနာနာကျင်ကျင်နဲ့ခြောက်ကပ်ကပ်ရယ်လိုက်မိတယ်။မင်းကအမှတ်မရှိတဲ့သူပဲရိဘို။မဖြစ်နိုင်မှန်းသိလျက်နဲ့မျှော်လင့်နေမိသေးတာမင်းရူးနေလို့ပဲနေမှာ။

"သားရိဘို...နောက်ဆိုအဲ့လိုမိုက်ရူးရဲဆန်တာတွေမလုပ်ပါနဲ့လားကွယ် သခင်လေးကရိဘိုကိုချစ်ပါတယ်..."

ရိဘိုဦးလေးယွမ်အပြောကိုခပ်အေးအေးပဲမေးခွန်းပြန်ထုတ်မိတယ်။

"ဦးလေးယွမ်ဘဝမှာ အချစ်ဆုံးလူစီကအယုံကြည်မဲ့စွာ
ပစ်ပယ်မှုကိုခံရဖူးလားဟင်..."

ဦးလေးယွမ်ကရိဘိုအမေးကြောင့်သက်ပြင်းအသာချကာအကြည့်လွှဲသွားတယ်။ရိဘိုမျက်နှာချင်းဆိုင်ကမျက်နှာကျက်ဖြူဖြူစီအကြည့်ပြန်ပို့လိုက်ပြီးအဓိပ္ပါယ်မဲ့စွာပြုံးရင်း

"နာကျင်ရတယ်ဦးလေးယွမ်... အဲ့ခံစားချက်ကအရမ်းခံရခက်တယ်သိလား..."

"ရိဘိုရယ်...ဦးလေးယွမ်ဘယ်လိုနှစ်သိမ့်ပေးရမလဲကွယ်"

ထိုအချိန် ကျီ!
တံခါးဖွင့်သံကြားလို့ရိဘိုနဲ့ဦးဘေးယွမ်ကြည့်လိုက်မိတော့အခန်းထဲဝင်လာသူကSean Xiaoတဖြစ်လည်းရိဘိုသိပ်ချစ်ရတဲ့ရိဘိုရဲ့ကိုကို ရှောင်းကျန့်။

Beyond The Hate[Complete]Dove le storie prendono vita. Scoprilo ora